ေနျပည္ေတာ္ GTI ေက်ာင္း တည္ေဆာက္မယ္

0
108

ပညာေရးဝန္ႀကီးဌာန၊ နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာန၊ ေနျပည္ေတာ္ အစိုးရစက္မႈလက္မႈသိပၸံ (GTI) ကို ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳ႕နယ္၊ ဓနသိဒၶိရပ္ကြက္အတြင္းမွာ တည္ေဆာက္မွာ ျဖစ္ပါတယ္။

ေနျပည္ေတာ္ အစိုးရစက္မႈလက္မႈသိပၸံကို ၂ဝ၁၈-၂ဝ၁၉ ဘ႑ာႏွစ္ စီမံကိန္းရန္ပံုေငြနဲ႔ ပင္မသံုးထပ္ေဆာင္ သံကူကြန္ကရစ္ အမ်ဳိးအစား၊ အလုပ္႐ံု ႏွစ္႐ံုနဲ႔ တျခား ဆက္စပ္လုပ္ငန္းေတြ အပါအဝင္ တည္ေဆာက္ေရး လုပ္ငန္းေတြကို ေျမဧရိယာအက်ယ္ ၂၂ ဧကေပၚမွာ တည္ေဆာက္မွာ ျဖစ္ပါတယ္။

ဒါ့အျပင္ အဲဒီ ေျမေနရာေပၚမွာ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) ရဲ႕ ေထာက္ပံ့ကူညီမႈနဲ႔ ေဒသတြင္း လူငယ္ေတြ အလုပ္အကုိင္ ရရိွေစေရး ေလ့က်င့္ျပဳစု ေမြးထုတ္ေရး စီမံကိန္း၊ EYE PROJECT တည္ေဆာက္ေရး လုပ္ငန္းေတြကိုလည္း အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနပါတယ္။ အဲဒီစီမံကိန္းကေန ကာလတုိ သင္တန္းေတြ ျဖစ္တဲ့ အုတ္စီကြၽမ္းက်င္ သင္တန္း၊ သံခ်ည္သံေကြး ကြၽမ္းက်င္သင္တန္း၊ လမ္းခင္းကြၽမ္းက်င္ သင္တန္း၊ ကြန္ကရစ္ပံု ဆင္ပံု႐ိုက္သင္တန္းေတြကို သင္ၾကားေပးမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နေပြည်တော် GTI ကျောင်း တည်ဆောက်မယ်

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နေပြည်တော် အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်အတွင်းမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။

နေပြည်တော် အစိုးရစက်မှုလက်မှုသိပ္ပံကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် စီမံကိန်းရန်ပုံငွေနဲ့ ပင်မသုံးထပ်ဆောင် သံကူကွန်ကရစ် အမျိုးအစား၊ အလုပ်ရုံ နှစ်ရုံနဲ့ တခြား ဆက်စပ်လုပ်ငန်းတွေ အပါအဝင် တည်ဆောက်ရေး လုပ်ငန်းတွေကို မြေဧရိယာအကျယ် ၂၂ ဧကပေါ်မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ မြေနေရာပေါ်မှာ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ ထောက်ပံ့ကူညီမှုနဲ့ ဒေသတွင်း လူငယ်တွေ အလုပ်အကိုင် ရရှိစေရေး လေ့ကျင့်ပြုစု မွေးထုတ်ရေး စီမံကိန်း၊ EYE PROJECT တည်ဆောက်ရေး လုပ်ငန်းတွေကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ အဲဒီစီမံကိန်းကနေ ကာလတို သင်တန်းတွေ ဖြစ်တဲ့ အုတ်စီကျွမ်းကျင် သင်တန်း၊ သံချည်သံကွေး ကျွမ်းကျင်သင်တန်း၊ လမ်းခင်းကျွမ်းကျင် သင်တန်း၊ ကွန်ကရစ်ပုံ ဆင်ပုံရိုက်သင်တန်းတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။

?bph6