ျမန္မာအမ်ဳိးသား ေလေၾကာင္းလိုင္းမ်ားအဖြဲ႕ခရီးစဥ္ေတြ စတင္ေျပးဆြဲ

0
444

ႏိုင္ငံပိုင္ေလေၾကာင္းလိုင္းျဖစ္တဲ့ ျမန္မာအမ်ဳိးသား ေလေၾကာင္းနဲ႔ မန္းရတနာပုံ ေလေၾကာင္းတို႔ ႏွစ္ဖက္ အက်ဳိးတူ ပူးေပါင္းၿပီး ”ျမန္မာအမ်ိဳးသား ေလေၾကာင္းလိုင္းမ်ားအဖြဲ႔” ခရီးစဥ္ေတြ စတင္ေျပးဆြဲတဲ့ အခမ္းအနားကို မေန႔က ေမလ ၁၀ ရက္ေန႔မွာ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္၊ Terminal 3 ျပည္တြင္း ထြက္ခြာေဆာင္မွာ က်င္းပပါတယ္။

ေမ ၁ဝ ရက္က စတင္ၿပီး ရန္ကုန္၊ မႏၲေလး၊ ေညာင္ဦး၊ ဟဲဟိုး၊ ျမစ္ႀကီးနား၊ စစ္ေတြ၊ ထားဝယ္၊ လား႐ႈိး၊ တာခ်ီလိတ္၊ မုံရြာ၊ ဟုမၼလင္း၊ ခႏၲီးနဲ႔ ကေလးၿမိဳ႕ေတြကို ျမန္မာအမ်ဳိးသားေလေၾကာင္းလိုင္းက ATR 72 ေလယာဥ္ႏွစ္စင္း၊ မန္းရတနာပုံေလေၾကာင္းက ATR 72 ေလယာဥ္ႏွစ္စင္း၊ စုစုေပါင္း ေလယာဥ္ေလးစင္းနဲ႔ ႏွစ္ဖက္အက်ဳိးတူ ပူးေပါင္းၿပီး စတင္ ပ်ံသန္း ေျပးဆြဲေနၿပီ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာအမျိုးသား လေကြောင်းလိုင်းများအဖွဲ့ ခရီးစဉ်တွေ စတင်ပြေးဆွဲ

နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်တဲ့ မြန်မာအမျိုးသား လေကြောင်းနဲ့ မန်းရတနာပုံ လေကြောင်းတို့ နှစ်ဖက် အကျိုးတူ ပူးပေါင်းပြီး ”မြန်မာအမျိုးသား လေကြောင်းလိုင်းများအဖွဲ့” ခရီးစဉ်တွေ စတင်ပြေးဆွဲတဲ့ အခမ်းအနားကို မနေ့က မေလ ၁၀ ရက်နေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ Terminal 3 ပြည်တွင်း ထွက်ခွာဆောင်မှာ ကျင်းပပါတယ်။

မေ ၁ဝ ရက်က စတင်ပြီး ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ မြစ်ကြီးနား၊ စစ်တွေ၊ ထားဝယ်၊ လားရှိုး၊ တာချီလိတ်၊ မုံရွာ၊ ဟုမ္မလင်း၊ ခန္တီးနဲ့ ကလေးမြို့တွေကို မြန်မာအမျိုးသားလေကြောင်းလိုင်းက ATR 72 လေယာဉ်နှစ်စင်း၊ မန်းရတနာပုံလေကြောင်းက ATR 72 လေယာဉ်နှစ်စင်း၊ စုစုပေါင်း လေယာဉ်လေးစင်းနဲ့ နှစ်ဖက်အကျိုးတူ ပူးပေါင်းပြီး စတင် ပျံသန်း ပြေးဆွဲနေပြီ ဖြစ်ပါတယ်။
(စီးပွားရေး)

?bph6