အေျခခံပညာေရးအဆင့္တိုင္း တိုင္းရင္းသားေတြရဲ႕ မိခင္ဘာသာစကားကို သင္ၾကားေပးဖို႔ အႀကံျပဳ (႐ုပ္/သံ)

0
96

အေျခခံပညာေရးအဆင့္တိုင္း တိုင္းရင္းသားေတြရဲ႕ မိခင္ဘာသာစကားကို ထည္႔သြင္းသင္ၾကားေပးဖို႔ ပညာေရးဆိုင္ရာမူ၀ါဒမ်ား စာတမ္းမွာ အႀကံျပဳထားပါတယ္။ ဒီသတင္းကိုေတာ႔ MCN သတင္းေထာက္ ေအာင္သူက ေပးပို႔ထားပါတယ္ခင္ဗ်ာ။

တိုင္းရင္းသားေတြရဲ႕ မိခင္ဘာသာစကားအေျချပဳ ဘာသာစကားစံုပညာေရးစနစ္ကို အနိမ္႔ဆံုးမူလတန္းအဆင္႔က စတင္ၿပီး ျမန္မာႏိုင္ငံရဲ႕ အေျခခံပညာေရး အဆင္႔တိုင္းမွာ ထည့္သြင္း သင္ၾကားေပးသြားဖို႔ ပညာေရးဆိုင္ ရာမူ၀ါဒအၾကံျပဳခ်က္စာတမ္းမွာ ထည္႔သြင္းအၾကံျပဳထားတာျဖစ္ၿပီး ပညာေရးဆိုင္ရာ မူ၀ါဒအၾကံျပဳခ်က္စာတမ္းမိတ္ဆက္တဲ႔ အခမ္းအနားကို ေမလ(၁၀)ရက္ေန႔က ရန္ကုန္ၿမိဳ႕ Best Westerm Green Hill ဟိုတယ္မွာျပဳလုပ္ခဲ႔တာပါ။

Song Bite ဇိုသုန္းမႈန္ (အမႈေဆာင္ဒါရိုက္တာ)
တိုင္းရင္းသားလူမ်ိဳးမ်ား ေရးရာစင္တာ(ျပည္ေထာင္စုျမန္မာႏိုင္ငံ)

လက္ရွိ မိခင္ဘာသာစကားအေျချပဳ ဘာသာစကားစံုပညာေရးကို သင္ၾကားေနတဲ႔ မြန္အမ်ိဳးသားေက်ာင္းတစ္ရာေက်ာ္ရွိၿပီး အျခားတိုင္းေဒသႀကီး နဲ႔ ၿပည္နယ္ေတြက တိုင္းရင္းသားေဒသေတြမွာ အခုလိုပညာေရးစနစ္ကို က်င္႔သံုးလာႏိုင္ေစဖို႔အတြက္ လာမယ္႔ပင္လံုညီလာခံမွာ ဆံုးျဖတ္ခ်က္ခ်ဖို႔လိုတယ္လို႔ တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာစင္တာက အမႈေဆာင္ဒါရိုက္တာကေျပာပါတယ္။

Song Bite ဇိုသုန္းမႈန္ (အမႈေဆာင္ဒါရိုက္တာ)
တိုင္းရင္းသားလူမ်ိဳးမ်ား ေရးရာစင္တာ(ျပည္ေထာင္စုျမန္မာႏိုင္ငံ)

ဒါ႔အျပင္ ျမန္မာႏုိင္ငံပညာေရးစနစ္မွာ မိခင္ဘာသာစကားေတြကို ထည္႔သြင္းသင္ၾကားေပးတဲ႔စနစ္ကို အေကာင္အထည္ေဖာ္ႏိုင္မယ္ဆိုရင္ ေက်ာင္းသူ၊ေက်ာင္းသားေတြရဲ႕ ပညာသင္ၾကားမႈတိုးတက္လာမွာျဖစ္ၿပီး
တိုင္းရင္းသားလူမ်ိဳးေတြရဲ႕ ဘာသာစကား၊စာေပနဲ႔ ရိုးရာယဥ္ေက်းမႈ အေမြအႏွစ္ေတြကို ထိန္းသိမ္းကာကြယ္
ရာေရာက္မယ္လို႔ တိုင္းရင္းသားေတြက ယံုၾကည္ေနၾကတာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အခြေခံပညာရေးအဆင့်တိုင်း တိုင်းရင်းသားတွေရဲ့ မိခင်ဘာသာစကားကို ထည့်သွင်းသင်ကြားပေးဖို့ ပညာရေးဆိုင်ရာမူဝါဒများ စာတမ်းမှာ အကြံပြုထားပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် အောင်သူက ပေးပို့ထားပါတယ်ခင်ဗျာ။

တိုင်းရင်းသားတွေရဲ့ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ်ကို အနိမ့်ဆုံးမူလတန်းအဆင့်က စတင်ပြီး မြန်မာနိုင်ငံရဲ့ အခြေခံပညာရေး အဆင့်တိုင်းမှာ ထည့်သွင်း သင်ကြားပေးသွားဖို့ ပညာရေးဆိုင် ရာမူဝါဒအကြံပြုချက်စာတမ်းမှာ ထည့်သွင်းအကြံပြုထားတာဖြစ်ပြီး ပညာရေးဆိုင်ရာ မူဝါဒအကြံပြုချက်စာတမ်းမိတ်ဆက်တဲ့ အခမ်းအနားကို မေလ(၁၀)ရက်နေ့က ရန်ကုန်မြို့ Best Westerm Green Hill ဟိုတယ်မှာပြုလုပ်ခဲ့တာပါ။

Song Bite ဇိုသုန်းမှုန် (အမှုဆောင်ဒါရိုက်တာ)
တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ(ပြည်ထောင်စုမြန်မာနိုင်ငံ)

လက်ရှိ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးကို သင်ကြားနေတဲ့ မွန်အမျိုးသားကျောင်းတစ်ရာကျော်ရှိပြီး အခြားတိုင်းဒေသကြီး နဲ့ ပြည်နယ်တွေက တိုင်းရင်းသားဒေသတွေမှာ အခုလိုပညာရေးစနစ်ကို ကျင့်သုံးလာနိုင်စေဖို့အတွက် လာမယ့်ပင်လုံညီလာခံမှာ ဆုံးဖြတ်ချက်ချဖို့လိုတယ်လို့ တိုင်းရင်းသားလူမျိုးများရေးရာစင်တာက အမှုဆောင်ဒါရိုက်တာကပြောပါတယ်။

Song Bite ဇိုသုန်းမှုန် (အမှုဆောင်ဒါရိုက်တာ)
တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ(ပြည်ထောင်စုမြန်မာနိုင်ငံ)

ဒါ့အပြင် မြန်မာနိုင်ငံပညာရေးစနစ်မှာ မိခင်ဘာသာစကားတွေကို ထည့်သွင်းသင်ကြားပေးတဲ့စနစ်ကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ကျောင်းသူ၊ကျောင်းသားတွေရဲ့ ပညာသင်ကြားမှုတိုးတက်လာမှာဖြစ်ပြီး
တိုင်းရင်းသားလူမျိုးတွေရဲ့ ဘာသာစကား၊စာပေနဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းကာကွယ်
ရာရောက်မယ်လို့ တိုင်းရင်းသားတွေက ယုံကြည်နေကြတာဖြစ်ပါတယ်ခင်ဗျာ။

?bph6