NLD အစိုးရလက္ထက္ နိုင္ငံေရးလုပ္တဲ႔ လူငယ္ေတြ ဖမ္းဆီးျခိမ္းေျခာက္ခံေနရဆဲ ဟုဆို (႐ုပ္/သံ)

0
99

ဒီမိုကေရစီအစိုးရလက္ထက္မွာ ႏိုင္ငံေရးတက္ၾကြလႈပ္ရွားတဲ့ လူငယ္ေတြ ဖမ္းဆီးျခိမ္းေျခာက္ခံေနရဆဲျဖစ္တယ္လို႕ ရန္ကုန္တိုင္းလူငယ္ကြန္ရက္ ဥကၠဌ ကေျပာၾကားလိုက္ပါတယ္။ ဒီသတင္းကိုMCN သတင္းေထာက္ေမာင္ထက္ကေပးပို႔ထားပါတယ္။

ဒီမိုကေရစီအစိုးရလက္ထက္ေရာက္လာေပမယ့္ ႏိုင္ငံေရးတက္ၾကြလႈပ္ရွားေနတဲ့ လူငယ္ေတြကို ဖမ္းဆီးျခိမ္းေျခာက္တာေတြ နဲ႕သူတို႔မိဘေတြကို ဖိအားေပးအၾကပ္ကိုင္မႈေတြရွိေနဆဲျဖစ္ပါတယ္။ ဒီလုိုလုပ္ရပ္ေတြက အနာဂတ္ႏိုင္ငံေရးမွာ လူငယ္ေတြ၀င္ကူညီမႈကို ေလ်ာ့က်လာေအာင္ လုပ္ေဆာင္တာျဖစ္တယ္လို႕ရန္ကုန္လူငယ္ကြန္ရက္ ဥကၠဌ ကိုေဇလင္းမြန္ကေျပာဆုိလိုက္ပါတယ္။

Soundbites-ကုိေဇလင္းမြန္ (ဥကၠဌ) ရန္ကုန္တိုင္းလူငယ္ကြန္ရက္

ဒါ့အျပင္ လက္ရွိၿငိမ္းစုစီဥပေဒဟာ လူငယ္ေတြအျပင္ က႑ာေပါင္းစံုက ႏိုင္ငံေရးတက္ၾကြလႈပ္ရွားေနတဲ့ အဖြဲ႕အစည္းေတြကို အကာအကြယ္ေပးဖို႔ထက္ တားဆီးဖို႔အတြက္ျဖစ္တဲ့အတြက္ ရန္ကုန္လူငယ္ကြန္ရက္အေနနဲ႔ ဒီဥပေဒ ကို ပယ္ဖ်က္ေပးဖို႔ဆက္လက္ေတာင္းဆိုသြားဖို႕လည္းရွိေနတာပါ။

Soundbites-ကုိေဇလင္းမြန္ (ဥကၠဌ) ရန္ကုန္တိုင္းလူငယ္ကြန္ရက္

ျပီးခဲ့တဲ့ရက္ပုိင္းက ျမန္မာႏိုင္ငံတစ္၀န္းမွာရွိတဲ့ ၿမိဳ႔ႀကီးအခ်ိဳ႔မွာ ျပဳလုပ္ခဲ့တဲ့ ျငိမ္းခ်မ္းေရး လႈပ္ရွားမႈေတြမွာ ပါ၀င္ခဲ့တဲ့ လူငယ္ေခါင္းေဆာင္ေတြကို ျငိမ္းစုစီ ဥပေဒ အရ ဖမ္းဆီးတာေတြ အေရးယူတာေတြ ရွိခဲ့ျပီး အမ်ိဳးသားလႊတ္ေတာ္က အတည္ျပဳထားတဲ့ ဒီဥပေဒ ၾကမ္းကို ပယ္ဖ်က္ေပးဖို႔ အရပ္ဖက္ အဖြဲ႕အစည္းေတြက ေတာင္းဆိုမႈေတြလည္း ဆက္တိုက္ျပဳလုပ္ေနၾကတာလည္း ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒီမိုကရေစီအစိုးရလက်ထက်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ လူငယ်တွေ ဖမ်းဆီးခြိမ်းခြောက်ခံနေရဆဲဖြစ်တယ်လို့ ရန်ကုန်တိုင်းလူငယ်ကွန်ရက် ဥက္ကဌ ကပြောကြားလိုက်ပါတယ်။ ဒီသတင်းကိုMCN သတင်းထောက်မောင်ထက်ကပေးပို့ထားပါတယ်။

ဒီမိုကရေစီအစိုးရလက်ထက်ရောက်လာပေမယ့် နိုင်ငံရေးတက်ကြွလှုပ်ရှားနေတဲ့ လူငယ်တွေကို ဖမ်းဆီးခြိမ်းခြောက်တာတွေ နဲ့သူတို့မိဘတွေကို ဖိအားပေးအကြပ်ကိုင်မှုတွေရှိနေဆဲဖြစ်ပါတယ်။ ဒီလိုုလုပ်ရပ်တွေက အနာဂတ်နိုင်ငံရေးမှာ လူငယ်တွေဝင်ကူညီမှုကို လျော့ကျလာအောင် လုပ်ဆောင်တာဖြစ်တယ်လို့ရန်ကုန်လူငယ်ကွန်ရက် ဥက္ကဌ ကိုဇေလင်းမွန်ကပြောဆိုလိုက်ပါတယ်။

Soundbites-ကိုဇေလင်းမွန် (ဥက္ကဌ) ရန်ကုန်တိုင်းလူငယ်ကွန်ရက်

ဒါ့အပြင် လက်ရှိငြိမ်းစုစီဥပဒေဟာ လူငယ်တွေအပြင် ကဏ္ဍာပေါင်းစုံက နိုင်ငံရေးတက်ကြွလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို အကာအကွယ်ပေးဖို့ထက် တားဆီးဖို့အတွက်ဖြစ်တဲ့အတွက် ရန်ကုန်လူငယ်ကွန်ရက်အနေနဲ့ ဒီဥပဒေ ကို ပယ်ဖျက်ပေးဖို့ဆက်လက်တောင်းဆိုသွားဖို့လည်းရှိနေတာပါ။

Soundbites-ကိုဇေလင်းမွန် (ဥက္ကဌ) ရန်ကုန်တိုင်းလူငယ်ကွန်ရက်

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ မြို့ကြီးအချို့မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ လူငယ်ခေါင်းဆောင်တွေကို ငြိမ်းစုစီ ဥပဒေ အရ ဖမ်းဆီးတာတွေ အရေးယူတာတွေ ရှိခဲ့ပြီး အမျိုးသားလွှတ်တော်က အတည်ပြုထားတဲ့ ဒီဥပဒေ ကြမ်းကို ပယ်ဖျက်ပေးဖို့ အရပ်ဖက် အဖွဲ့အစည်းတွေက တောင်းဆိုမှုတွေလည်း ဆက်တိုက်ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်ခင်ဗျာ။

?bph6