အီးယူအဖြဲ႕၀င္ ႏိုင္ငံေတြက ျမန္မာ့ပညာေရးအတြက္ ယူ႐ိုေငြ ၂၂၁ သန္း ေထာက္ပံ့မယ္

0
548

ျမန္မာတစ္ႏို္င္ငံလံုးမွာ အရည္အေသြးမီ ပညာေရး တိုးခ်ဲ႕ႏိုင္ဖို႔ ယူ႐ို ၂၂၁ သန္း (ေငြက်ပ္ ၃၅၆ ဘီလီယံ) ေထာက္ပံ့ေပးေရး ဥေရာပ သမဂၢအဖြဲ႔ဝင္ ႏိုင္ငံေတြက သေဘာတူ ခြင့္ျပဳဖို႔ ဆံုးျဖတ္လိုက္ၿပီ ျဖစ္ၿပီး ေထာက္ပံ့ေငြေတြကို ပညာေရး ဝန္ႀကီးဌာနသို႔ တိုက္႐ိုက္ထည့္သြင္းေပးသြားမွာ ျဖစ္ပါတယ္။

မေန႔က ေမလ ၈ ရက္ေန႔ ေနျပည္ေတာ္ Kempinski ဟိုတယ္မွာ က်င္းပတဲ့ ဥေရာပေန႔ အထိမ္းအမွတ္ ဧည့္ခံပြဲ အခမ္းအနားမွာ ျမန္မာႏိုင္ငံဆိုင္ရာ ဥေရာပသမဂၢ သံအမတ္ႀကီး မစၥတာ ခရစၥတီယန္ ရွမစ္က ေျပာသြားတာ ျဖစ္ပါတယ္။

အခုလို ေထာက္ပံ့မႈဟာ မိတ္ဖက္ပူးေပါင္းမႈနဲ႔ ယုံၾကည္မႈကို ျပသတဲ့ လကၡဏာတစ္ရပ္ ျဖစ္သလို ျမန္မာႏိုင္ငံရဲ႕ ပညာေရးရလဒ္ေတြ သိသိသာသာ တိုးတက္ ေကာင္းမြန္လာေစေရးဆိုတဲ့ ျမန္မာအစိုးရရဲ႕ ျမင့္မားတဲ့ ရည္မွန္းခ်က္နဲ႔ မိမိတို႔ ရည္မွန္းခ်က္ တူညီသည္ဆိုတာကို ျပသျခင္းျဖစ္ေၾကာင္း သံအမတ္ႀကီး မစၥတာ ရွမစ္က ေျပာသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီးယူအဖွဲ့ဝင် နိုင်ငံတွေက မြန်မာ့ပညာရေးအတွက် ယူရိုငွေ ၂၂၁ သန်း ထောက်ပံ့မယ်

မြန်မာတစ်နိ်ုင်ငံလုံးမှာ အရည်အသွေးမီ ပညာရေး တိုးချဲ့နိုင်ဖို့ ယူရို ၂၂၁ သန်း (ငွေကျပ် ၃၅၆ ဘီလီယံ) ထောက်ပံ့ပေးရေး ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက သဘောတူ ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပြီး ထောက်ပံ့ငွေတွေကို ပညာရေး ဝန်ကြီးဌာနသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

မနေ့က မေလ ၈ ရက်နေ့ နေပြည်တော် Kempinski ဟိုတယ်မှာ ကျင်းပတဲ့ ဥရောပနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး မစ္စတာ ခရစ္စတီယန် ရှမစ်က ပြောသွားတာ ဖြစ်ပါတယ်။

အခုလို ထောက်ပံ့မှုဟာ မိတ်ဖက်ပူးပေါင်းမှုနဲ့ ယုံကြည်မှုကို ပြသတဲ့ လက္ခဏာတစ်ရပ် ဖြစ်သလို မြန်မာနိုင်ငံရဲ့ ပညာရေးရလဒ်တွေ သိသိသာသာ တိုးတက် ကောင်းမွန်လာစေရေးဆိုတဲ့ မြန်မာအစိုးရရဲ့ မြင့်မားတဲ့ ရည်မှန်းချက်နဲ့ မိမိတို့ ရည်မှန်းချက် တူညီသည်ဆိုတာကို ပြသခြင်းဖြစ်ကြောင်း သံအမတ်ကြီး မစ္စတာ ရှမစ်က ပြောသွားပါတယ်။

?bph6