ဆယ္ေက်ာ္သက္ ကြမ္းစားသံုးသူ ၁၅ ရာခိုင္ႏႈန္းရွိ (႐ုပ္/သံ)

0
483

ျမန္မာႏိုင္ငံမွာ ဆယ္ေက်ာ္သက္အရြယ္ ကြမ္းစားသံုးသူ ၁၅ ရာခိုင္ႏႈန္းေလာက္ရွိေနတယ္လို႔ လူထုက်န္းမာေရးေဖာင္ေဒးရွင္း ကထုတ္ျပန္လိုက္ပါတယ္ ။ဒီသတင္းကုိေတာ႔ MCNသတင္းေထာက္ ေအာင္သူက ေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံက လူဦးေရရဲ႕ ၃၀ရာခိုင္ႏႈန္းေလာက္ဟာ ေန႔စဥ္ေဆးရြက္ႀကီးပါ၀င္တဲ႔ ကြမ္းယာစားသံုးေနၾကတာ
ျဖစ္ၿပီး အဲ႔ဒီထဲမွာ အသက္ ၁၅ ႏွစ္ေအာက္လူငယ္ေတြ ၁၅ ရာခိုင္ႏႈန္းေလာက္ပါ၀င္ေနတယ္လို႔ လူထုက်န္းမာေရးေဖာင္ေဒးရွင္းအဖြဲ႕ ရဲ႕စစ္တမ္းမွာေဖာ္ျပထားတာပါ ။

လူထု က်န္းမာေရးေဖာင္ေဒးရွင္းအဖြဲ႕အေနနဲ႔ ျမန္မာနိုင္ငံက ကြမ္းယာစားသံုးမႈအေျခအေနေတြကို ၂၀၁၇ ခုနွစ္က စတင္ျပီး စစ္တမ္းေကာက္ယူခဲ႔တာျဖစ္ပါတယ္ ။ ေမလ(၇) ရက္ေန႔က ကြမ္းယာစားသံုးမႈအေျခအေနေတြနဲ႔ ပါတ္သက္ျပီး လူထုက်န္း မာေရးေဖာင္ေဒးရွင္းအဖြဲ႕က စစ္တမ္းေကာက္ ယူထားတာေတြကို သတင္းမီဒီယာေတြကို ရွင္းလင္းတင္ျပခဲ႔တာပါ ။

Soung Bite – ဦးသန္းစိန္(ဥကၠ႒)လူထုက်န္းမာေရးေဖာင္ေဒးရွင္း

ဒါအျပင္ အခုလို ဆယ္ေက်ာ္သက္အရြယ္ေတြ ေဆးရြက္ႀကီးပါ၀င္တဲ႔ ကြမ္းစားသံုးမႈေတြ၊ ေဆးလိပ္ေသာက္သံုးမႈေတြ ေလ်ာ႔နည္းက်ဆင္းေစဖို႔အတြက္ မိဘအုပ္ထိန္းသူေတြနဲ႔ ေက်ာင္းကဆရာ၊ ဆရာမေတြက စည္းရံုးေျပာဆိုမႈေတြ ျပဳလုပ္ဖို႔လိုအပ္တယ္လို႔ လူထုက်န္းမာေရးေဖာင္ေဒးရွင္းအဖြဲ႕ ကတိုက္တြန္းထားပါတယ္ ။

Soung Bite – ဦးသန္းစိန္(ဥကၠ႒)လူထုက်န္းမာေရးေဖာင္ေဒးရွင္း

ျမန္မာနိုင္ငံမွာ ကြမ္းယာစားသံုးမႈေၾကာင့္ တစ္နွစ္ကို လူ ၆၀၀၀၀ နီးပါး ခံတြင္းကင္စာ လည္ေခ်ာင္းကင္စာ နွလံုးေရာဂါ စတဲ႔ေရာဂါေတြနဲ႔ ေသဆံုးေနတာပါ ။ ျမန္မာနိိုင္ငံမွာ ေဆးရြက္ႀကီးပါ၀င္တဲ႔ ကြမ္းယာစားသံုးမႈ ေလ်ာ႔က်ေစဖို႔အတြက္ တိုက္ဖ်က္ေရးလႈပ္ရွားမႈကို ၂၀၁၇ ခုႏွစ္က ပထမဦးဆံုးအႀကိမ္အျဖစ္ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဦးေဆာင္ကာ လုပ္ေဆာင္ခဲ႔ပါတယ္ ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံမှာ ဆယ်ကျော်သက်အရွယ် ကွမ်းစားသုံးသူ ၁၅ ရာခိုင်နှုန်းလောက်ရှိနေတယ်လို့ လူထုကျန်းမာရေးဖောင်ဒေးရှင်း ကထုတ်ပြန်လိုက်ပါတယ် ။ဒီသတင်းကိုတော့ MCNသတင်းထောက် အောင်သူက ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံက လူဦးရေရဲ့ ၃၀ရာခိုင်နှုန်းလောက်ဟာ နေ့စဉ်ဆေးရွက်ကြီးပါဝင်တဲ့ ကွမ်းယာစားသုံးနေကြတာ
ဖြစ်ပြီး အဲ့ဒီထဲမှာ အသက် ၁၅ နှစ်အောက်လူငယ်တွေ ၁၅ ရာခိုင်နှုန်းလောက်ပါဝင်နေတယ်လို့ လူထုကျန်းမာရေးဖောင်ဒေးရှင်းအဖွဲ့ ရဲ့စစ်တမ်းမှာဖော်ပြထားတာပါ ။

လူထု ကျန်းမာရေးဖောင်ဒေးရှင်းအဖွဲ့အနေနဲ့ မြန်မာနိုင်ငံက ကွမ်းယာစားသုံးမှုအခြေအနေတွေကို ၂၀၁၇ ခုနှစ်က စတင်ပြီး စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ် ။ မေလ(၇) ရက်နေ့က ကွမ်းယာစားသုံးမှုအခြေအနေတွေနဲ့ ပါတ်သက်ပြီး လူထုကျန်း မာရေးဖောင်ဒေးရှင်းအဖွဲ့က စစ်တမ်းကောက် ယူထားတာတွေကို သတင်းမီဒီယာတွေကို ရှင်းလင်းတင်ပြခဲ့တာပါ ။

Soung Bite – ဦးသန်းစိန်(ဥက္ကဋ္ဌ)လူထုကျန်းမာရေးဖောင်ဒေးရှင်း

ဒါအပြင် အခုလို ဆယ်ကျော်သက်အရွယ်တွေ ဆေးရွက်ကြီးပါဝင်တဲ့ ကွမ်းစားသုံးမှုတွေ၊ ဆေးလိပ်သောက်သုံးမှုတွေ လျော့နည်းကျဆင်းစေဖို့အတွက် မိဘအုပ်ထိန်းသူတွေနဲ့ ကျောင်းကဆရာ၊ ဆရာမတွေက စည်းရုံးပြောဆိုမှုတွေ ပြုလုပ်ဖို့လိုအပ်တယ်လို့ လူထုကျန်းမာရေးဖောင်ဒေးရှင်းအဖွဲ့ ကတိုက်တွန်းထားပါတယ် ။

Soung Bite – ဦးသန်းစိန်(ဥက္ကဋ္ဌ)လူထုကျန်းမာရေးဖောင်ဒေးရှင်း

မြန်မာနိုင်ငံမှာ ကွမ်းယာစားသုံးမှုကြောင့် တစ်နှစ်ကို လူ ၆၀ဝ၀ဝ နီးပါး ခံတွင်းကင်စာ လည်ချောင်းကင်စာ နှလုံးရောဂါ စတဲ့ရောဂါတွေနဲ့ သေဆုံးနေတာပါ ။ မြန်မာနိုင်ငံမှာ ဆေးရွက်ကြီးပါဝင်တဲ့ ကွမ်းယာစားသုံးမှု လျော့ကျစေဖို့အတွက် တိုက်ဖျက်ရေးလှုပ်ရှားမှုကို ၂၀၁၇ ခုနှစ်က ပထမဦးဆုံးအကြိမ်အဖြစ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဦးဆောင်ကာ လုပ်ဆောင်ခဲ့ပါတယ် ခင်ဗျာ ။

?bph6