
0
674



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုတိယအကြိမ် လူငယ်ရေးရာ မူဝါဒ မဟာဗျူဟာရေးဆွဲရေး အစည်းအဝေး ကျင်းပ

ဒုတိယအကြိမ် လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာ ရေးဆွဲရေး အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန စုပေါင်းခန်းမမှာ မနေ့က မေလ ၃ ရက်နေ့မှာ ကျင်းပပါတယ်။

လူငယ်များဘက်က မတူညီ ကွဲပြားခြားနားမှုတွေ၊ ပညာ အရည်အချင်း၊ ပတ်ဝန်းကျင်ဒေသ အခြေအနေ၊ ဆင်းရဲချမ်းသာ ကွာဟချက်များစွာ ရှိနိုင်ကြောင်း၊ မတူကွဲပြား ခြားနားချက်တွေကို အတတ်နိုင်ဆုံး ညှိနှိုင်းပြီး လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ရေးဆွဲပြီး လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်ရာမှာ လူငယ်တွေ တန်းတူညီမျှ အခွင့်အရေး ခံစားရဖို့ လိုအပ်တယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။