ကညြတ္ကြင္းမွာ က်ပ္ ၁ ေသာင္းတန္ ေငြစကၠဴအတုနဲ႔ အတုျပဳလုပ္တဲ့ ပစၥည္းေတြ ဖမ္းမိ

0
559

ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕နယ္၊ ကညြတ္ကြင္းၿမိဳ႕၊ ကြ်န္းကုန္းေက်းရြာအုပ္စု၊ သနပ္ကြင္းေက်းရြာမွာ က်ပ္ ၁ ေသာင္းတန္ အတုလို႔ ယူဆရတဲ့ ေငြနဲ႔ ေစ်းလာဝယ္သူေတြ ရွိေၾကာင္း သတင္းအရ ကညြတ္ကြင္း နယ္ေျမရဲစခန္းက သြားေရာက္ စစ္ေဆးခဲ့ပါတယ္။

မမာျမင့္ရဲ႕ ေစ်းဆိုင္မွာ ေတာကြ်ဲအင္းၿမိဳ႕၊ ေက်ာက္တံခါးၿမိဳ႕နယ္ ေနသူ ၿဖိဳးလင္း (၂၄ ႏွစ္)၊ ၿဖိဳးေအာင္ (၂၅ ႏွစ္) နဲ႔ ခင္ေမာင္ျမင့္ (၄၀ ႏွစ္) တို႔ကို ရွာေဖြရာမွာ ၿဖိဳးလင္းဆီက ၁ ေသာင္းတန္ ေငြစကၠဴအတု အရြက္ ၄၀၊ ၿဖိဳးေအာင္ဆီက ၁ ေသာင္းတန္ ေငြစကၠဴအတု ၂ ရြက္ တို႔ကို သိမ္းဆည္းရမိပါတယ္။

ဆက္လက္စစ္ေဆးမႈအရ ေတာကြ်ဲအင္းၿမိဳ႕ေန ဘုိဘိုႏိုင္ (၃၇ ႏွစ္) ရဲ႕ ေနအိမ္ကို ရွာေဖြရာမွာ ကလာ ပရင္တာ ၁ လံုးနဲ႔ ဆက္စပ္ပစၥည္းေတြ သိမ္းဆည္းရမိခဲ့ပါတယ္။ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ၿဖိဳးလင္း၊ ၿဖိဳးေအာင္၊ ခင္ေမာင္ျမင့္ နဲ႔ ဘုိဘိုႏိုင္တို႔ကို အမႈဖြင့္ အေရးယူထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကညွတ်ကွင်းမှာ ကျပ် ၁ သောင်းတန် ငွေစက္ကူအတုနဲ့ အတုပြုလုပ်တဲ့ ပစ္စည်းတွေ ဖမ်းမိ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ သနပ်ကွင်းကျေးရွာမှာ ကျပ် ၁ သောင်းတန် အတုလို့ ယူဆရတဲ့ ငွေနဲ့ ဈေးလာဝယ်သူတွေ ရှိကြောင်း သတင်းအရ ကညွတ်ကွင်း နယ်မြေရဲစခန်းက သွားရောက် စစ်ဆေးခဲ့ပါတယ်။

မမာမြင့်ရဲ့ ဈေးဆိုင်မှာ တောကျွဲအင်းမြို့၊ ကျောက်တံခါးမြို့နယ် နေသူ ဖြိုးလင်း (၂၄ နှစ်)၊ ဖြိုးအောင် (၂၅ နှစ်) နဲ့ ခင်မောင်မြင့် (၄၀ နှစ်) တို့ကို ရှာဖွေရာမှာ ဖြိုးလင်းဆီက ၁ သောင်းတန် ငွေစက္ကူအတု အရွက် ၄၀၊ ဖြိုးအောင်ဆီက ၁ သောင်းတန် ငွေစက္ကူအတု ၂ ရွက် တို့ကို သိမ်းဆည်းရမိပါတယ်။

ဆက်လက်စစ်ဆေးမှုအရ တောကျွဲအင်းမြို့နေ ဘိုဘိုနိုင် (၃၇ နှစ်) ရဲ့ နေအိမ်ကို ရှာဖွေရာမှာ ကလာ ပရင်တာ ၁ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြိုးလင်း၊ ဖြိုးအောင်၊ ခင်မောင်မြင့် နဲ့ ဘိုဘိုနိုင်တို့ကို အမှုဖွင့် အရေးယူထားပါတယ်။

?bph6