ဒုကၡသည္စခန္းရွိ ထိခိုက္ေစာ္ကားခံရသူ ဆိုသူမ်ားကို ေတြ႕ဆံုေမးျမန္းခြင့္ မရလို႔ စိတ္ပ်က္

0
222

လိင္ပိုင္းဆိုင္ရာ ေစာ္ကားခ်က္ စြပ္စြဲမႈေတြနဲ႔ ပတ္သက္လို႔ စံုစမ္းေဖာ္ထုတ္ေရး ေကာက္ဘဇားရွိ စြပ္စြဲထားသူေတြကို ေတြ႔ဆံုေမးျမန္းခြင့္ ရဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ျငင္းဆန္ခံရၿပီး စြက္စြဲခ်က္ေတြကို အတည္ျပဳႏိုင္တဲ့အေပၚ အလြန္ စိတ္ပ်က္တယ္လို႔ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ေျပာပါတယ္။

ဧၿပီလ ၁၆ ရက္ေန႔ နယူးေယာက္ၿမိဳ႕ ကုလသမဂၢဌာနခ်ဳပ္မွာ က်င္းပတဲ့ ကုလသမဂၢလုံၿခံဳေရးေကာင္စီ၏ အမ်ဳိးသမီးမ်ား ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခံဳေရးကိစၥႏွင့္ စပ္လ်ဥ္းသည့္ တံခါးဖြင့္ေဆြးေႏြးပြဲမွာ ေျပာသြားတာ ျဖစ္ပါတယ္။

သက္ေသ အေထာက္ထား ခိုင္လုံစြာရွိရင္ ဘယ္ခ်ိဳးေဖာက္သူကိုမဆို အကာအကြယ္မေပးဘဲ ဥပေဒနဲ႔အညီ အေရးယူသြားမွာ ျဖစ္ေၾကာင္း၊ အင္းဒင္အျဖစ္အပ်က္မွာ ပါဝင္ပတ္သက္ခဲ့တဲ့ တပ္မေတာ္သား ၇ ဦးကို မၾကာမီက အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၁ဝ ႏွစ္ ခ်မွတ္ခဲ့ျခင္းဟာ တရားဥပေဒ စိုးမိုးေရးအတြက္ အစိုးရရဲ႕ ခိုင္မာတဲ့ ကတိကဝတ္ကို ရွင္းရွင္းလင္းလင္း ျပသလိုက္တာ ျဖစ္ေၾကာင္းလည္း သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုက္ခသည်စခန်းရှိ ထိခိုက်စော်ကားခံရသူ ဆိုသူများကို တွေ့ဆုံမေးမြန်းခွင့် မရလို့ စိတ်ပျက်

လိင်ပိုင်းဆိုင်ရာ စော်ကားချက် စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ်ရေး ကောက်ဘဇားရှိ စွပ်စွဲထားသူတွေကို တွေ့ဆုံမေးမြန်းခွင့် ရဖို့ ကြိုးပမ်းခဲ့ပေမယ့် ငြင်းဆန်ခံရပြီး စွက်စွဲချက်တွေကို အတည်ပြုနိုင်တဲ့အပေါ် အလွန် စိတ်ပျက်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

ဧပြီလ ၁၆ ရက်နေ့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စနှင့် စပ်လျဉ်းသည့် တံခါးဖွင့်ဆွေးနွေးပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

သက်သေ အထောက်ထား ခိုင်လုံစွာရှိရင် ဘယ်ချိုးဖောက်သူကိုမဆို အကာအကွယ်မပေးဘဲ ဥပဒေနဲ့အညီ အရေးယူသွားမှာ ဖြစ်ကြောင်း၊ အင်းဒင်အဖြစ်အပျက်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ တပ်မတော်သား ၇ ဦးကို မကြာမီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့ခြင်းဟာ တရားဥပဒေ စိုးမိုးရေးအတွက် အစိုးရရဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာ ဖြစ်ကြောင်းလည်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။