ဆင္ပစ္မုဆိုး ၄ ဦး ဖမ္းမိ၊ ၃ ဦးကို ဆက္လက္ ရွာေဖြ

0
54

ရခိုင္႐ိုးမ ဆင္ေဘးမဲ့ေတာမွာ ဆင္႐ိုင္း ၁ ေကာင္ကို သတ္ျဖတ္တဲ့ ဆင္ပစ္မုဆိုး ၁ ဦးနဲ႔ ဆင္အစိတ္အပိုင္း သယ္ယူရာမွာ ပါဝင္ပတ္သက္သူ ၃ ဦးကို ဖမ္းဆီးရမိခဲ့ၿပီး လြတ္ေျမာက္ေနသူ ၃ ဦးကို ဆက္လက္ ရွာေဖြေနပါတယ္။

ရခိုင္ျပည္နယ္၊ ဂြၿမိဳ႕နယ္၊ က်ိႏၱလီနယ္ေျမ၊ ရခိုင္႐ိုးမ ဆင္ေဘးမဲ့ေတာထဲမွာ အေျခာက္ခံထားတဲ့ ႏွာေမာင္း၊ အေရျပား၊ အသားနဲ႔ ဆက္စပ္ပစၥည္းေတြကို ပီနံအိတ္ ၆ လံုး၊ အေလးခ်ိန္ ပိႆာ ၇၀ ကို ေတာအုပ္ ဦးေအာင္ေက်ာ္ျမင့္နဲ႔ အဖြဲ႔က ရွာေဖြ သိမ္းဆည္းရမိပါတယ္။

ပိုင္ရွင္ေတြကို စံုစမ္းေဖာ္ထုတ္ရာမွာ ဆင္ပစ္မုဆိုးနဲ႔ ဆင္အစိတ္အပိုင္း သယ္ယူ ၃ ဦးကို ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။ တျခားသံသယရွိတဲ့ လြတ္ေျမာက္ေနသူ ၃ ဦးကို ဖမ္းဆီးႏိုင္ေရး ဆင္ထိန္းသိမ္းေရးအဖြဲ႔ေတြနဲ႔ ရဲတပ္ဖြဲ႔တို႔ ပူးေပါင္း လုပ္ေဆာင္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆင်ပစ်မုဆိုး ၄ ဦး ဖမ်းမိ၊ ၃ ဦးကို ဆက်လက် ရှာဖွေ

ရခိုင်ရိုးမ ဆင်ဘေးမဲ့တောမှာ ဆင်ရိုင်း ၁ ကောင်ကို သတ်ဖြတ်တဲ့ ဆင်ပစ်မုဆိုး ၁ ဦးနဲ့ ဆင်အစိတ်အပိုင်း သယ်ယူရာမှာ ပါဝင်ပတ်သက်သူ ၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လွတ်မြောက်နေသူ ၃ ဦးကို ဆက်လက် ရှာဖွေနေပါတယ်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီနယ်မြေ၊ ရခိုင်ရိုးမ ဆင်ဘေးမဲ့တောထဲမှာ အခြောက်ခံထားတဲ့ နှာမောင်း၊ အရေပြား၊ အသားနဲ့ ဆက်စပ်ပစ္စည်းတွေကို ပီနံအိတ် ၆ လုံး၊ အလေးချိန် ပိဿာ ၇၀ ကို တောအုပ် ဦးအောင်ကျော်မြင့်နဲ့ အဖွဲ့က ရှာဖွေ သိမ်းဆည်းရမိပါတယ်။

ပိုင်ရှင်တွေကို စုံစမ်းဖော်ထုတ်ရာမှာ ဆင်ပစ်မုဆိုးနဲ့ ဆင်အစိတ်အပိုင်း သယ်ယူ ၃ ဦးကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ တခြားသံသယရှိတဲ့ လွတ်မြောက်နေသူ ၃ ဦးကို ဖမ်းဆီးနိုင်ရေး ဆင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်နေပါတယ်။

?bph6