ႏိုင္ငံေရးလႈပ္ရွားမႈ အရွိန္ျမင့္ႏိုင္ဖို႔ ရန္ကုန္လူငယ္ကြန္ရက္ ေရြးေကာက္ပြဲျပဳလုပ္ (႐ုပ္/သံ)

0
445

ႏိုင္ငံေရးလႈပ္ရွားမႈေတြ အရွိန္ျမင့္လုပ္ေဆာင္ဖို႔အတြက္ ရန္ကုန္လူငယ္ကြန္ရက္အတြင္း ေရြးေကာက္ပြဲျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ ေအာင္သူကေပးပို႔ ထားပါတယ္။

ႏိုင္ငံေရးလႈပ္ရွားမႈေတြ အရွိန္ျမင့္လုပ္ေဆာင္ဖို႕အတြက္ ရန္ကုန္လူငယ္ကြန္ရက္ရဲ႕ ဥကၠ႒ေနရာကို ဧၿပီလ ပထမအပတ္မွာ ေရြးေကာက္ပြဲျပဳလုပ္ၿပီး အသစ္ျပန္လည္ေရြးခ်ယ္ခဲ့ပါတယ္။ အဲ့ဒီ ေရြးခ်ယ္မႈမွာ တိုင္းနဲ႔ ျပည္နယ္ကလူငယ္ေတြ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ကိုေဇလင္းမြန္က အႏိုင္ရရွိခဲ့ပါတယ္။
ေရြးခ်ယ္ခံလိုက္ရတဲ့ ဥကၠ႒သစ္လက္ထက္မွာ ႏိုင္ငံေရးဆန္ဆန္တက္ၾကြလႈပ္ရွားမႈေတြကို ပိုၿပီးျမင္လာႏိုင္မွာျဖစ္တယ္လို႔ ကြန္ရက္ ရဲ႕ ဥကၠ႒ေဟာင္း မသဥၨာရႊန္းလဲ႔ရည္က ေျပာပါတယ္။

အင္တာဗ်ဴး။ ။ မသဥၨာရႊန္းလဲ႔ရည္ (အၾကံေပးအဖြဲ႔၀င္) အမ်ိဳးသားလူငယ္ကြန္ဂရက္

လက္ရွိမွာ ရန္ကုန္လူငယ္ကြန္ရက္အေနနဲ႔ ႏိုင္ငံေရးအရ လူငယ္ေတြရဲ႕ ပါ၀င္မႈျမင့္တက္လာေစဖို႕ အပါအ၀င္ လူ႕အခြင္႔အေရးအရ ရပိုင္ခြင္႔နဲ႔ တာ၀န္ေတြအျပင္ က႑စံုက လူငယ္ေတြဦးေဆာင္မႈအပိုင္းမွာ ပါ၀င္လာေစဖို႕ လုပ္ေဆာင္ေနတဲ့ အဖြဲ႕အစည္းျဖစ္ပါတယ္။

အင္တာဗ်ဴး။ ။ မသဥၨာရႊန္းလဲ႔ရည္ (အၾကံေပးအဖြဲ႔၀င္) အမ်ိဳးသားလူငယ္ကြန္ဂရက္

လူငယ္ေတြဟာ က႑အစံု ဦးေဆာင္ပါ၀င္လာႏုိင္မွသာ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးမႈတိုးတက္မႈဟာ ပုိၿပီးျပည့္စံုမွာျဖစ္တယ္လို႕ ယံုၾကည္ထားတာေၾကာင့္ ၂၀၁၃ ခုႏွစ္မွာ ရန္ကုန္လူငယ္ကြန္ရက္ကို စတင္ဖြဲ႕စည္းၿပီး လူငယ္အေရးေတြ လုပ္ေဆာင္ေနတာျဖစ္ပါတယ္ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံရေးလှုပ်ရှားမှုတွေ အရှိန်မြင့်လုပ်ဆောင်ဖို့အတွက် ရန်ကုန်လူငယ်ကွန်ရက်အတွင်း ရွေးကောက်ပွဲပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် အောင်သူကပေးပို့ ထားပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုတွေ အရှိန်မြင့်လုပ်ဆောင်ဖို့အတွက် ရန်ကုန်လူငယ်ကွန်ရက်ရဲ့ ဥက္ကဋ္ဌနေရာကို ဧပြီလ ပထမအပတ်မှာ ရွေးကောက်ပွဲပြုလုပ်ပြီး အသစ်ပြန်လည်ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီ ရွေးချယ်မှုမှာ တိုင်းနဲ့ ပြည်နယ်ကလူငယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုဇေလင်းမွန်က အနိုင်ရရှိခဲ့ပါတယ်။
ရွေးချယ်ခံလိုက်ရတဲ့ ဥက္ကဋ္ဌသစ်လက်ထက်မှာ နိုင်ငံရေးဆန်ဆန်တက်ကြွလှုပ်ရှားမှုတွေကို ပိုပြီးမြင်လာနိုင်မှာဖြစ်တယ်လို့ ကွန်ရက် ရဲ့ ဥက္ကဋ္ဌဟောင်း မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

အင်တာဗျူး။ ။ မသဉ္ဇာရွှန်းလဲ့ရည် (အကြံပေးအဖွဲ့ဝင်) အမျိုးသားလူငယ်ကွန်ဂရက်

လက်ရှိမှာ ရန်ကုန်လူငယ်ကွန်ရက်အနေနဲ့ နိုင်ငံရေးအရ လူငယ်တွေရဲ့ ပါဝင်မှုမြင့်တက်လာစေဖို့ အပါအဝင် လူ့အခွင့်အရေးအရ ရပိုင်ခွင့်နဲ့ တာဝန်တွေအပြင် ကဏ္ဍစုံက လူငယ်တွေဦးဆောင်မှုအပိုင်းမှာ ပါဝင်လာစေဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

အင်တာဗျူး။ ။ မသဉ္ဇာရွှန်းလဲ့ရည် (အကြံပေးအဖွဲ့ဝင်) အမျိုးသားလူငယ်ကွန်ဂရက်

လူငယ်တွေဟာ ကဏ္ဍအစုံ ဦးဆောင်ပါဝင်လာနိုင်မှသာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုတိုးတက်မှုဟာ ပိုပြီးပြည့်စုံမှာဖြစ်တယ်လို့ ယုံကြည်ထားတာကြောင့် ၂၀၁၃ ခုနှစ်မှာ ရန်ကုန်လူငယ်ကွန်ရက်ကို စတင်ဖွဲ့စည်းပြီး လူငယ်အရေးတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်ခင်ဗျား။

?bph6