ေထာက္ၾကန္႔မွာ ကားတိုက္မႈ ၄ ဦးေသ၊ ၇ ဦး ဒဏ္ရာရ

0
401

ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ၾကန္႔ ၿမိဳ႕ေရွာင္လမ္းမွာ မေန႔က ဧၿပီ ၁ဝ ရက္က ပဲခူး-ေထာက္ၾကန္႔သြား ဟိုင္းလတ္ယာဥ္က ပဲခူး-ရန္ကုန္ မီနီဘတ္စ္ယာဥ္ကို ဝင္တိုက္လို႔ ၄ ဦး ေသဆုံးၿပီး ၇ ဦး ဒဏ္ရာရခဲ့ပါတယ္။

ေမာင္သူ စိစစ္ဆဲ ဟိုင္းလတ္ယာဥ္က အရွိန္မထိန္းႏိုင္ဘဲ တစ္ဖက္ယာဥ္ေက်ာက ကိုစိုးႏိုင္ ေမာင္းလာတဲ့ မီနီဘတ္စ္ကို ဝင္တိုက္မိတာ ျဖစ္ပါတယ္။ ဟိုင္းလတ္ တိမ္းေမွာက္ၿပီး ယာဥ္ေပၚပါ ဦးစန္းျမင့္ (၄၃ ႏွစ္)၊ ဦးဘုိျမင့္ (၅၀ ႏွစ္)၊ ဦးေဆာင္ဆန္းဦး (၄၈ ႏွစ္) နဲ႔ စိစစ္ဆဲ တျခားတစ္ဦးတို႔ အခင္းျဖစ္ပြားရာမွာ ေသဆံုးခဲ့ပါတယ္။

ဟိုင္းလတ္ ယာဥ္ေပၚပါ ၄ ဦးနဲ႔ မီနီဘတ္စ္ေပၚပါ ၃ ဦးတို႔ ထိခိုက္ဒဏ္ရာ ရရွိၿပီး အင္းစိန္ ေဆး႐ံုကို တင္ပို႔ထားပါတယ္။ ဟိုင္းလတ္ ယာဥ္ေမာင္းကေတာ့ ထြက္ေျပးတိမ္းေရွာင္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထောက်ကြန့်မှာ ကားတိုက်မှု ၄ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် မြို့ရှောင်လမ်းမှာ မနေ့က ဧပြီ ၁ဝ ရက်က ပဲခူး-ထောက်ကြန့်သွား ဟိုင်းလတ်ယာဉ်က ပဲခူး-ရန်ကုန် မီနီဘတ်စ်ယာဉ်ကို ဝင်တိုက်လို့ ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

မောင်သူ စိစစ်ဆဲ ဟိုင်းလတ်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကျောက ကိုစိုးနိုင် မောင်းလာတဲ့ မီနီဘတ်စ်ကို ဝင်တိုက်မိတာ ဖြစ်ပါတယ်။ ဟိုင်းလတ် တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါ ဦးစန်းမြင့် (၄၃ နှစ်)၊ ဦးဘိုမြင့် (၅၀ နှစ်)၊ ဦးဆောင်ဆန်းဦး (၄၈ နှစ်) နဲ့ စိစစ်ဆဲ တခြားတစ်ဦးတို့ အခင်းဖြစ်ပွားရာမှာ သေဆုံးခဲ့ပါတယ်။

ဟိုင်းလတ် ယာဉ်ပေါ်ပါ ၄ ဦးနဲ့ မီနီဘတ်စ်ပေါ်ပါ ၃ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိပြီး အင်းစိန် ဆေးရုံကို တင်ပို့ထားပါတယ်။ ဟိုင်းလတ် ယာဉ်မောင်းကတော့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။

?bph6