
0
1010




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြင်းခြံမှာ မှတ်ပုံတင်မထားတဲ့ ကာမအားဆေး ရောင်းချသူကို ဖမ်းဆီး

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် (၇) ရပ်ကွက်၊ ဗလီတိုက်တန်းရှိ နေရှင်နယ်ဆေးဆိုင်မှာ ကာမအားဆေးတွေ ရောင်းချနေသူကို ဖမ်းဆီးလိုက်ပါတယ်။

သတင်းအရ မြို့မရဲစခန်းက ဧပြီလ ၉ ရက်နေ့က လာရောက် ရှာဖွေရာမှာ ဆေးဆိုင်ပိုင်ရှင် တင်လှ (ခ) ကလီမူလာ (၃၉ နှစ်) ဟာ မှတ်ပုံတင်မထားတဲ့ ကာမအားဆေးတွေဖြစ်တဲ့ MAXMAN, Red Viagra, Mastigra, MRBEAN နဲ့ Dr-X 100 ဆေးတွေကို ရောင်းချနေတာ ဖြစ်ပါတယ်။

ဆေးဆိုင်ပိုင်ရှင် တင်လှကို မြင်းခြံမြို့မရဲစခန်းက အမျိုးသားဆေးဝါး ဥပဒေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။

?bph6