႐ိုက္တာ သတင္းေထာက္ေတြ စြဲခ်က္မတင္ဘဲ လႊတ္ေပးဖို႔ ပယ္ခ်ခံရ

0
599

႐ိုက္တာ သတင္းေထာက္ ၂ ေယာက္ကို စြဲခ်က္ မတင္ဘဲ လႊတ္ေပးဖို႔ ေရွ႕ေနေတြက တင္ျပထားတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ဒီေန႔ ဧၿပီ ၁၁ ရက္ ႐ံုးထုတ္မွာ တရားသူႀကီးက ပယ္ခ်လိုက္ပါတယ္။

တရားသူႀကီး ဦးရဲလြင္က စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္ၿပီး လံုေလာက္တဲ့ အေၾကာင္းျပခ်က္ ရွိေၾကာင္း၊ ဒါေၾကာင့္ လႊတ္မေပးသင့္ေၾကာင္း ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

႐ိုက္တာ သတင္းဌာန ဥကၠ႒နဲ႔ အယ္ဒီတာခ်ဳပ္ စတီဖင္ ေဂ် အက္ဒလာက တရား႐ံုးဆံုးျဖတ္ခ်က္ကို အလြန္ စိတ္ပ်က္မိပါတယ္၊ သူတို႔ ႏွစ္ဦး လြတ္ေျမာက္ဖို႔ တတ္ႏိုင္သမွ် အားလံုး ဆက္လုပ္သြားမယ္ ေျပာပါတယ္။

ျမန္မာႏိုင္ငံအစိုးရ လွ်ဳိ႕ဝွက္ခ်က္မ်ား အက္ဥပေဒနဲ႔ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာ ၃၁ ရက္မွာ ဖမ္းဆီးခံထားရတဲ့ ဝလံုး နဲ႔ ေက်ာ္စိုးဦးတို႔ အမႈကို ၿပီးခဲ့တဲ့ ဇန္နဝါရီလကတည္းက ႐ံုးတင္စစ္ေဆးေနတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုက်တာ သတင်းထောက်တွေ စွဲချက်မတင်ဘဲ လွှတ်ပေးဖို့ ပယ်ချခံရ

ရိုက်တာ သတင်းထောက် ၂ ယောက်ကို စွဲချက် မတင်ဘဲ လွှတ်ပေးဖို့ ရှေ့နေတွေက တင်ပြထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ ဧပြီ ၁၁ ရက် ရုံးထုတ်မှာ တရားသူကြီးက ပယ်ချလိုက်ပါတယ်။

တရားသူကြီး ဦးရဲလွင်က စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အကြောင်းပြချက် ရှိကြောင်း၊ ဒါကြောင့် လွှတ်မပေးသင့်ကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ရိုက်တာ သတင်းဌာန ဥက္ကဋ္ဌနဲ့ အယ်ဒီတာချုပ် စတီဖင် ဂျေ အက်ဒလာက တရားရုံးဆုံးဖြတ်ချက်ကို အလွန် စိတ်ပျက်မိပါတယ်၊ သူတို့ နှစ်ဦး လွတ်မြောက်ဖို့ တတ်နိုင်သမျှ အားလုံး ဆက်လုပ်သွားမယ် ပြောပါတယ်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ဖမ်းဆီးခံထားရတဲ့ ဝလုံး နဲ့ ကျော်စိုးဦးတို့ အမှုကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ရုံးတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။

?bph6