လိုအပ္တဲ့ ျပည္သူေတြဆီ ေဆးဝါးေတြ ေရာက္၊ မေရာက္ စိစစ္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ညႊန္ၾကား

0
662

ျပည္ေထာင္စု အဆင့္က ခ်ထားေပးတဲ့ ေဆးဝါးေတြဟာ လိုအပ္ေနတဲ့ ျပည္သူေတြဆီ လက္ဝယ္ ေရာက္၊ မေရာက္ စိစစ္ၾကဖို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ညႊန္ၾကားလိုက္ပါတယ္။

မေန႔က ဧၿပီ ၁၀ ရက္ေန႔ ေျမာင္းျမၿမိဳ႕မွာ ျပဳလုပ္တဲ့ ၿငိမ္းခ်မ္းေရး စကားဝိုင္းမွာ ေဆးဝါး မလံုေလာက္တဲ့ အခ်က္နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခ်က္အေပၚ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ေဆးဝါးေတြကို ၿမိဳ႕နယ္အဆင့္အထိ အလံုအေလာက္ ခ်ထားေပးေၾကာင္းနဲ႔ ကင္ဆာေဆးေတြေလာက္သာ မရွိတာ ျဖစ္ၿပီး ေငြေၾကး တစ္ျပားတစ္ခ်က္မွ ကုန္က်စရာ မလိုေၾကာင္း၊ တစ္ခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ သက္တမ္း လြန္သြားတာေတြေတာင္ ရွိေၾကာင္း ျပန္လည္ ေျဖၾကားခဲ့ပါတယ္။

အဲဒီ ေျဖၾကားခ်က္နဲ႔ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္က ျပည္ေထာင္စု အဆင့္က ေဆးဝါးေတြ အျပည့္အဝ ခ်ထားေပးတဲ့အေပၚ တိုင္းနဲ႔ ျပည္နယ္ အသီးသီးက ဝန္ႀကီးခ်ဳပ္ ေခါင္းေဆာင္တဲ့ အစိုးရအေနနဲ႔ ဗဟိုက ခ်ထားေပးတဲ့ ေဆးဝါးေတြ ေအာက္ေျခက တစ္ကယ္ ေဆးဝါးလိုအပ္ေနတဲ႔ ျပည္သူေတြဆီကို ေရာက္၊ မေရရာက္ စိစစ္ဖို႔လိုတယ္လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လိုအပ်တဲ့ ပြည်သူတွေဆီ ဆေးဝါးတွေ ရောက်၊ မရောက် စိစစ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား

ပြည်ထောင်စု အဆင့်က ချထားပေးတဲ့ ဆေးဝါးတွေဟာ လိုအပ်နေတဲ့ ပြည်သူတွေဆီ လက်ဝယ် ရောက်၊ မရောက် စိစစ်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်ပါတယ်။

မနေ့က ဧပြီ ၁၀ ရက်နေ့ မြောင်းမြမြို့မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး စကားဝိုင်းမှာ ဆေးဝါး မလုံလောက်တဲ့ အချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးချက်အပေါ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဆေးဝါးတွေကို မြို့နယ်အဆင့်အထိ အလုံအလောက် ချထားပေးကြောင်းနဲ့ ကင်ဆာဆေးတွေလောက်သာ မရှိတာ ဖြစ်ပြီး ငွေကြေး တစ်ပြားတစ်ချက်မှ ကုန်ကျစရာ မလိုကြောင်း၊ တစ်ချို့မြို့နယ်တွေမှာ သက်တမ်း လွန်သွားတာတွေတောင် ရှိကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

အဲဒီ ဖြေကြားချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု အဆင့်က ဆေးဝါးတွေ အပြည့်အဝ ချထားပေးတဲ့အပေါ် တိုင်းနဲ့ ပြည်နယ် အသီးသီးက ဝန်ကြီးချုပ် ခေါင်းဆောင်တဲ့ အစိုးရအနေနဲ့ ဗဟိုက ချထားပေးတဲ့ ဆေးဝါးတွေ အောက်ခြေက တစ်ကယ် ဆေးဝါးလိုအပ်နေတဲ့ ပြည်သူတွေဆီကို ရောက်၊ မရေရာက် စိစစ်ဖို့လိုတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

?bph6