တံု႔ျပန္မႈ မျပည့္မစံု ျဖစ္သြားတဲ့အတြက္ ေတာင္းပန္ေၾကာင္း ဝန္ႀကီး ေဒါက္တာ ျမင့္ေထြး ေျပာ

0
584

ျမန္မာႏိုင္ငံက ေဆး႐ံုေတြကို ေဆးဝါး အလံုအေလာက္ ျဖန္႔ခ်ိထားၿပီး ေဆးေတြက မ်ားလြန္းေနတာေၾကာင့္ သက္တမ္းလြန္သြားတဲ့ ေဆးဝါးေတြေတာင္ ရွိတယ္လို႔ ေျပာဆိုခဲ့မႈဟာ မျပည့္မစံု ျဖစ္ခဲ့ၿပီး အမ်ားျပည္သူ စိတ္အေႏွာင့္အယွက္ျဖစ္ရင္ ေတာင္းပန္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ေျပာပါတယ္။

မေန႔က ဧၿပီလ ၁၀ ရက္ေန႔ ေျမာင္းျမၿမိဳ႕မွာ က်င္းပတဲ့ ၿငိမ္းခ်မ္းေရး စကားဝိုင္းမွာ ေျဖၾကားခဲ့တာကို ျပန္ၾကည့္တဲ့အခါ ျပည့္စံုမႈ မရွိ၊ အေသးစိတ္လည္း မပါဝင္၊ စိတ္တိုင္းလည္း မက်ဘူးလို႔ ဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ေဖ့စ္ဘုတ္ လူမႈကြန္ရက္မွာ ေတာင္းပန္စာ ေရးသားထားပါတယ္။

ျမန္မာလို စာမ႐ိုက္တတ္တာ တစ္ေၾကာင္းေၾကာင့္ ေဖ့စ္ဘုတ္ မွတ္ခ်က္ေတြကို တံု႔ျပန္ေလ့ မရွိေၾကာင္း၊ ၿငိမ္းခ်မ္းေရး စကားဝိုင္းမွာ ေျပာခဲ့တာနဲ႔ ပတ္သက္ၿပီး မႏွစ္သက္ၾကဘူးလို႔ သူ႔ရဲ႕ ဝန္ထမ္းေတြက ေျပာေၾကာင္း ေရးသားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တုံ့ပြန်မှု မပြည့်မစုံ ဖြစ်သွားတဲ့အတွက် တောင်းပန်ကြောင်း ဝန်ကြီး ဒေါက်တာ မြင့်ထွေး ပြော

မြန်မာနိုင်ငံက ဆေးရုံတွေကို ဆေးဝါး အလုံအလောက် ဖြန့်ချိထားပြီး ဆေးတွေက များလွန်းနေတာကြောင့် သက်တမ်းလွန်သွားတဲ့ ဆေးဝါးတွေတောင် ရှိတယ်လို့ ပြောဆိုခဲ့မှုဟာ မပြည့်မစုံ ဖြစ်ခဲ့ပြီး အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်ရင် တောင်းပန်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

မနေ့က ဧပြီလ ၁၀ ရက်နေ့ မြောင်းမြမြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး စကားဝိုင်းမှာ ဖြေကြားခဲ့တာကို ပြန်ကြည့်တဲ့အခါ ပြည့်စုံမှု မရှိ၊ အသေးစိတ်လည်း မပါဝင်၊ စိတ်တိုင်းလည်း မကျဘူးလို့ ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဖေ့စ်ဘုတ် လူမှုကွန်ရက်မှာ တောင်းပန်စာ ရေးသားထားပါတယ်။

မြန်မာလို စာမရိုက်တတ်တာ တစ်ကြောင်းကြောင့် ဖေ့စ်ဘုတ် မှတ်ချက်တွေကို တုံ့ပြန်လေ့ မရှိကြောင်း၊ ငြိမ်းချမ်းရေး စကားဝိုင်းမှာ ပြောခဲ့တာနဲ့ ပတ်သက်ပြီး မနှစ်သက်ကြဘူးလို့ သူ့ရဲ့ ဝန်ထမ်းတွေက ပြောကြောင်း ရေးသားထားပါတယ်။

?bph6