ျမန္မာႏိုင္ငံမွာ အမုန္းစကား တိုက္ဖ်က္ေရး ပိုအားထုတ္သြားမယ္လို႔ ဇက္ကာဘတ္ ေျပာ

0
44

ျမန္မာႏိုင္ငံမွာ အမုန္းစကား ပ်ံ႕ႏွံ႔မႈ တိုက္ဖ်က္ေရးအတြက္ ပိုမိုႀကိဳးစား လုပ္ေဆာင္သြားမယ္လို႔ ေဖ့စ္ဘုတ္ရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္ မာ့ခ္ ဇက္ကာဘတ္က ေျပာပါတယ္။

မေန႔က ဧၿပီ ၁၀ ရက္ေန႔ အေမရိကန္ ကြန္ဂရက္မွာ ၾကားနာမႈ ျပဳလုပ္စဥ္အတြင္း ဇက္ကာဘတ္က ေျပာသြားတာ ျဖစ္ပါတယ္။ ျမန္မာျပည္မွာ ျဖစ္တာက ေတာ္ေတာ္ ဝမ္းနည္းစရာျဖစ္ေၾကာင္း၊ ကြ်န္ေတာ္တို႔ အမ်ားႀကီး ပိုလုပ္ေပးဖို႔ လိုေၾကာင္း ဆီးနိတ္ ကုန္သြယ္ေရး ေကာ္မတီနဲ႔ ဆီးနိတ္ တရားေရး ေကာ္မတီတို႔ ေရွ႕ေမွာက္ ၅ နာရီၾကာ ၾကားနာမႈမွာ ဇက္ကာဘတ္က ေျပာသြားပါတယ္။

ဆီးနိတ္ရဲ႕ ပူးတြဲေကာ္မတီက အင္တာနက္ကေန ၾကားျဖတ္ စြက္ဖက္မႈနဲ႔ အမုန္းစကား ျဖန္႔ေဝမႈေတြနဲ႔ ပတ္သက္လို႔ ေဖ့စ္ဘုတ္ရဲ႕ အခန္းက႑ကို ေမးျမန္း ၾကားနာတာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ မြတ္စလင္ကို ဆန္႔က်င္သူေရာ မြတ္စလင္ကို ေထာက္ခံသူပါ ေဖ့စ္ဘုတ္ကို အလြဲသံုးေနၾကတယ္လုိ႔ ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ဇက္ကာဘတ္က ေျပာခဲ့ပါေသးတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံမှာ အမုန်းစကား တိုက်ဖျက်ရေး ပိုအားထုတ်သွားမယ်လို့ ဇက်ကာဘတ် ပြော

မြန်မာနိုင်ငံမှာ အမုန်းစကား ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် ပိုမိုကြိုးစား လုပ်ဆောင်သွားမယ်လို့ ဖေ့စ်ဘုတ်ရဲ့ အမှုဆောင် အရာရှိချုပ် မာ့ခ် ဇက်ကာဘတ်က ပြောပါတယ်။

မနေ့က ဧပြီ ၁၀ ရက်နေ့ အမေရိကန် ကွန်ဂရက်မှာ ကြားနာမှု ပြုလုပ်စဉ်အတွင်း ဇက်ကာဘတ်က ပြောသွားတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖြစ်တာက တော်တော် ဝမ်းနည်းစရာဖြစ်ကြောင်း၊ ကျွန်တော်တို့ အများကြီး ပိုလုပ်ပေးဖို့ လိုကြောင်း ဆီးနိတ် ကုန်သွယ်ရေး ကော်မတီနဲ့ ဆီးနိတ် တရားရေး ကော်မတီတို့ ရှေ့မှောက် ၅ နာရီကြာ ကြားနာမှုမှာ ဇက်ကာဘတ်က ပြောသွားပါတယ်။

ဆီးနိတ်ရဲ့ ပူးတွဲကော်မတီက အင်တာနက်ကနေ ကြားဖြတ် စွက်ဖက်မှုနဲ့ အမုန်းစကား ဖြန့်ဝေမှုတွေနဲ့ ပတ်သက်လို့ ဖေ့စ်ဘုတ်ရဲ့ အခန်းကဏ္ဍကို မေးမြန်း ကြားနာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မွတ်စလင်ကို ဆန့်ကျင်သူရော မွတ်စလင်ကို ထောက်ခံသူပါ ဖေ့စ်ဘုတ်ကို အလွဲသုံးနေကြတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဇက်ကာဘတ်က ပြောခဲ့ပါသေးတယ်။

?bph6