လ်ာထားေဆးဝါး ျပတ္လပ္ျခင္း၊ ေလလြင့္ျခင္း ေလ်ာ့နည္းတယ္လို႔ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန ထုတ္ျပန္

0
44

ေဆး႐ံုႀကီး၊ ေဆး႐ံုေတြနဲ႔ ေဒသႏၱရာ၊ ေက်းလက္ ဌာနေတြမွာ လိုအပ္ခ်က္နဲ႔ အညီ လ်ာထား၊ တင္ျပ၊ ဝယ္ယူတဲ့စနစ္ ပိုေကာင္းေအာင္ ျမွင့္တင္ ေဆာင္ရြက္ေနတဲ့အတြက္ လ်ာထားေဆးဝါး ျပတ္လပ္ျခင္း၊ ေလလြင္ျခင္းေတြ ေလ်ာ့နည္းေနတယ္လို႔ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက သတင္း ထုတ္ျပန္ပါတယ္။

မရွိမျဖစ္ သံုးစြဲရမယ့္ ေဆးဝါး (Essential Medecine) ေတြကို ေဆး႐ံု၊ က်န္းမာေရးဌာန အဆင့္အလိုက္ အျဖစ္အမ်ားဆံုး ေရာဂါေတြအေပၚ မူတည္ၿပီး တင္ဒါစနစ္နဲ႔ ဝယ္ယူျဖန္႔ျဖဴးေပးေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

မေန႔က ဧၿပီ ၁၀ ရက္ ေျမာင္းျမမွာ ျပဳလုပ္တဲ့ ၿငိမ္းခ်မ္းေရး စကားဝိုင္းမွာ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ျမန္မာႏိုင္ငံက ေဆး႐ံုေတြကို ေဆးဝါး အလံုအေလာက္ ျဖန္႔ခ်ိထားၿပီး ေဆးေတြက မ်ားလြန္းေနတာေၾကာင့္ သက္တမ္းလြန္သြားတဲ့ ေဆးဝါးေတြေတာင္ ရွိတယ္လို႔ ေျပာခဲ့မႈအေပၚ ေဝဖန္မႈေတြ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လျာထားဆေးဝါး ပြတ်လပ်ခြင်း၊ လေလွင့်ခြင်း လျော့နည်းတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်

ဆေးရုံကြီး၊ ဆေးရုံတွေနဲ့ ဒေသန္တရာ၊ ကျေးလက် ဌာနတွေမှာ လိုအပ်ချက်နဲ့ အညီ လျာထား၊ တင်ပြ၊ ဝယ်ယူတဲ့စနစ် ပိုကောင်းအောင် မြှင့်တင် ဆောင်ရွက်နေတဲ့အတွက် လျာထားဆေးဝါး ပြတ်လပ်ခြင်း၊ လေလွင်ခြင်းတွေ လျော့နည်းနေတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြနပါတယ်။

မရှိမဖြစ် သုံးစွဲရမယ့် ဆေးဝါး (Essential Medecine) တွေကို ဆေးရုံ၊ ကျန်းမာရေးဌာန အဆင့်အလိုက် အဖြစ်အများဆုံး ရောဂါတွေအပေါ် မူတည်ပြီး တင်ဒါစနစ်နဲ့ ဝယ်ယူဖြန့်ဖြူးပေးကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့က ဧပြီ ၁၀ ရက် မြောင်းမြမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး စကားဝိုင်းမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဒေါက်တာ မြင့်ထွေးက မြန်မာနိုင်ငံက ဆေးရုံတွေကို ဆေးဝါး အလုံအလောက် ဖြန့်ချိထားပြီး ဆေးတွေက များလွန်းနေတာကြောင့် သက်တမ်းလွန်သွားတဲ့ ဆေးဝါးတွေတောင် ရှိတယ်လို့ ပြောခဲ့မှုအပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

?bph6