စစ်တုရင် လူငယ်ကစားသမားတွေ ကမ္ဘာအဆင့်ထိုးဖောက်နိုင်ဖို့ ရန်ပုံငွေအင်အား လုံလောက်မှု မရှိ (ရုပ်/သံ)
0
48
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မြန်မာစစ်တုရင်လူငယ်ကစားသမားတွေ ကမ္ဘာအဆင့်ကို ထိုးဖောက်ဖို့ ရန်ပုံငွေအင်အားလုံလောက်မှု မရှိဘူးလို့ မြန်မာစစ်တုရင်အဖွဲ့ချုပ်က ပြောကြားခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကျော်ကြားဟိန်း က ပေးပို့ထားပါတယ်။
မြန်မာနိုင်ငံက စစ်တုရင်မျိုးဆက်သစ် လူငယ်အားကစားသမားတွေကို ကမ္ဘာ့အဆင့်မီ ထိုးဖောက်ကစားနိုင်ဖို့ အတွက် လုံလောက်တဲ့ ရန်ပုံငွေနည်းပါးမှုကြောင့် စစ်တုရင်ကစားနည်းတိုးတက်ဖို့အတွက် အခတ်အခဲရှိနေတယ်လို့ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်က ပြောပါတယ်။
အင်တာဗျူး။ ။ဦးမျိုးဇော်မင်း(အတွင်းရေးမှူး) မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်
ဒါ့အပြင် ပြည်တွင်းက စစ်တုရင်လူငယ်ကစားသမားတွေကို ပြည်တွင်းပြိုင်ပွဲတွေတင်မကဘဲ နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ရန်ပုံငွေလိုအပ်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်က အတွင်းရေးမှူး ဦးမျိုးဇော်မင်းက ပြောပါတယ်၊
အင်တာဗျူး။ ။ဦးမျိုးဇော်မင်း(အတွင်းရေးမှူး) မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်
စစ်တုရင်ကစားနည်းနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံမှာ စိတ်ဝင်စားတဲ့လူငယ်တွေ နှစ်စဉ် မြင့်တက်နေပေမယ့် သက်ဆိုင်ရာက ထောက်ပံ့ပေးမှု အားနည်းနေတာကြောင့် ဝါသနာရှင်လူငယ်တွေနဲ့ ကစားသမားတွေအတွက် ကစားသမားကောင်းတွေဖြစ်လာဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်ခင်ဗျာ။
?bph6