ျမန္မာႏုိင္ငံက ဘယ္သူ႔ကိုမွ ေနာက္က် မက်န္ေအာင္ လုပ္ေဆာင္မယ္

0
385

ပိုမိုေကာင္းမြန္တဲ့ အနာဂတ္ဆီသို႔ ဦးတည္ေသာ လမ္းေၾကာင္းမွာ ျမန္မာႏိုင္ငံရွိ မည္သူတစ္ဦးတစ္ေယာက္မွ် ေနာက္က် မက်န္ရေအာင္ လုပ္ေဆာင္ရမယ္လို႔ ျမန္မာႏိုင္ငံကို လာေရာက္ေလ့လာသြားတဲ့ ကုလသမဂၢ အႀကီးတန္း အရာရွိက ေျပာပါတယ္။

ကုလသမဂၢ လူသားခ်င္း စာနာေထာက္ထားမႈ ေရးရာ ညိႇႏႈိင္းေရး႐ံုး (OCHA) ရဲ႕ လက္ေထာက္ အတြင္းေရးမႉးခ်ဳပ္နဲ႔ အေရးေပၚ ကယ္ဆယ္ေရးဆုိင္ရာ ဒုတိယ ညိႇႏႈိင္းေရးမႉး မစၥ အာဆူလာ မယ္လာဟာ သူ႔ရဲ႕ ၆ ရက္ၾကာ ျမန္မာႏုိင္ငံ ခရီးစဥ္နဲ႔ ပတ္သက္ၿပီး သတင္းထုတ္ျပန္ခ်က္မွာ အခုလို ေဖာ္ျပထားတာ ျဖစ္ပါတယ္။

မစၥ အာဆူလာ မယ္လာက ျမန္မာႏိုင္ငံရွိ ထိခိုက္လြယ္တဲ့ အေျခအေန အရွိဆုံးသူေတြကို ကာကြယ္ ေစာင့္ေရွာက္တာဟာ ႏုိင္ငံေတာ္ အစိုးရ၊ ျပည္တြင္း အကူအညီေပးေရး အဖြဲ႔အစည္းေတြ၊ ႏုိင္ငံတကာ အသိုင္းအဝိုင္းေတြက ေဆာင္ရြက္တဲ့ လူသားခ်င္း စာနာမႈဆိုင္ရာ တုံ႔ျပန္ေဆာင္ရြက္မႈ လုပ္ငန္းရဲ႕ အဓိက အေရးႀကီးဆုံး အစိတ္အပိုင္း ျဖစ္ရမယ္လို႔ မစၥ အာဆူလာ မယ္လာက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံက ဘယ်သူ့ကိုမှ နောက်ကျ မကျန်အောင် လုပ်ဆောင်မယ်

ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီသို့ ဦးတည်သော လမ်းကြောင်းမှာ မြန်မာနိုင်ငံရှိ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျ မကျန်ရအောင် လုပ်ဆောင်ရမယ်လို့ မြန်မာနိုင်ငံကို လာရောက်လေ့လာသွားတဲ့ ကုလသမဂ္ဂ အကြီးတန်း အရာရှိက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ရေးရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ လက်ထောက် အတွင်းရေးမှူးချုပ်နဲ့ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး မစ္စ အာဆူလာ မယ်လာဟာ သူ့ရဲ့ ၆ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။

မစ္စ အာဆူလာ မယ်လာက မြန်မာနိုင်ငံရှိ ထိခိုက်လွယ်တဲ့ အခြေအနေ အရှိဆုံးသူတွေကို ကာကွယ် စောင့်ရှောက်တာဟာ နိုင်ငံတော် အစိုးရ၊ ပြည်တွင်း အကူအညီပေးရေး အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေက ဆောင်ရွက်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းရဲ့ အဓိက အရေးကြီးဆုံး အစိတ်အပိုင်း ဖြစ်ရမယ်လို့ မစ္စ အာဆူလာ မယ်လာက ပြောပါတယ်။

?bph6