လူငယ္ေတြ အတြက္ Youth Development Partnership သင္တန္း ဖြင့္လွစ္ (႐ုပ္/သံ)

0
581

လူငယ္ေတြ ေခါင္းေဆာင္မႈဆိုင္ရာ ပညာရပ္ေတြအျပင္ ပတ္၀န္းက်င္ရဲ႕ စိန္ေခၚမႈေတြကို ေျဖရွင္းႏိုင္ဖို႔ Youth Development Partnership သင္တန္းကို ဖြင့္လွစ္သင္ၾကားေပးေနပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေကဇြန္ေႏြးက သတင္းေပးပုိ႔ထားပါတယ္။

လူငယ္ေတြေခါင္းေဆာင္ေကာင္းတစ္ဦးျဖစ္လာေစဖို႔နဲ႔ ပတ္ဝန္းက်င္မွာေန႔စဥ္ၾကံဳေတြ႔ေနရတဲ႔ အခက္အခဲေတြ၊ လုပ္ငန္းခြင္အတြင္းစိန္ေခၚမႈေတြ ေျဖရွင္းႏိုင္ဖုိ႕အတြက္ Youth Development Partnership (YDP) ကိုတည္ေထာင္ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။

လက္ရွိ အဲ့ဒီသင္တန္းဟာ ဧၿပီလ ၇ ရက္ေန႕က (၁၅)ႏွစ္ျပည္႔ ေျမာက္ခဲ့တာျဖစ္ၿပီး ႏွစ္ပတ္လည္းအခမ္းအနားကို ရန္ကုန္ၿမိဳ႕ ပန္းဆုိးတန္းေအာက္လမ္းမွာ ရွိတဲ႔ Cafe in Town မွာ ျပဳလုပ္ခဲ့ပါတယ္။

အင္တာဗ်ဴး ေဒါက္တာ ေနဝင္း (တည္ေထာင္သူ) Youth Development Partnership (YDP)

ဒါ႔အျပင္ အဲ႔ဒီသင္တန္းရဲ႕ သင္ၾကားမႈအပိုင္းဟာ စာသင္ၾကားတဲ႔ပံုစံမ်ိဳးမဟုတ္ဘဲ လက္ေတြ႔လုပ္ေဆာင္ရတဲ႔ သင္ခန္းစာေတြနဲ႔ သင္ၾကားေနတာျဖစ္ပါတယ္။ အဲ့ဒီလို သင္ၾကားမႈအပိုင္းေတြက လူငယ္ေတြရဲ႕ လက္ေတြ႔ဘဝေတြမွာ အသံုးဝင္ခဲ့တယ္လို႔ သင္တန္းတက္ေရာက္ခဲ့တဲ့ သင္တန္းသူ မၿဖိဳးစုပိုပိုက ေျပာပါတယ္။

မၿဖိဳးစုပိုပို (သင္တန္းသားေဟာင္း)

Youth Development Partnership (YDP) သင္တန္းကို ၂၀၀၃ခုႏွစ္က စတင္တည္ေထာင္ခဲ႔တာျဖစ္ၿပီး ရန္ကုန္တုိင္းေဒသႀကီး နဲ႔ မႏၱေလးတုိင္းေဒသႀကီးအပါအဝင္ တျခားတုိင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာပါ ဖြင့္လွစ္သင္ၾကားေနတာျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိ သင္တန္းသားဦးေရ (၇၀၀၀) ေက်ာ္ တက္ေရာက္သင္ၾကားေနတာျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်တွေ ခေါင်းဆောင်မှုဆိုင်ရာ ပညာရပ်တွေအပြင် ပတ်ဝန်းကျင်ရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ Youth Development Partnership သင်တန်းကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေဇွန်နွေးက သတင်းပေးပို့ထားပါတယ်။

လူငယ်တွေခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာစေဖို့နဲ့ ပတ်ဝန်းကျင်မှာနေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ လုပ်ငန်းခွင်အတွင်းစိန်ခေါ်မှုတွေ ဖြေရှင်းနိုင်ဖို့အတွက် Youth Development Partnership (YDP) ကိုတည်ထောင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ အဲ့ဒီသင်တန်းဟာ ဧပြီလ ၇ ရက်နေ့က (၁၅)နှစ်ပြည့် မြောက်ခဲ့တာဖြစ်ပြီး နှစ်ပတ်လည်းအခမ်းအနားကို ရန်ကုန်မြို့ ပန်းဆိုးတန်းအောက်လမ်းမှာ ရှိတဲ့ Cafe in Town မှာ ပြုလုပ်ခဲ့ပါတယ်။

အင်တာဗျူး ဒေါက်တာ နေဝင်း (တည်ထောင်သူ) Youth Development Partnership (YDP)

ဒါ့အပြင် အဲ့ဒီသင်တန်းရဲ့ သင်ကြားမှုအပိုင်းဟာ စာသင်ကြားတဲ့ပုံစံမျိုးမဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ရတဲ့ သင်ခန်းစာတွေနဲ့ သင်ကြားနေတာဖြစ်ပါတယ်။ အဲ့ဒီလို သင်ကြားမှုအပိုင်းတွေက လူငယ်တွေရဲ့ လက်တွေ့ဘဝတွေမှာ အသုံးဝင်ခဲ့တယ်လို့ သင်တန်းတက်ရောက်ခဲ့တဲ့ သင်တန်းသူ မဖြိုးစုပိုပိုက ပြောပါတယ်။

မဖြိုးစုပိုပို (သင်တန်းသားဟောင်း)

Youth Development Partnership (YDP) သင်တန်းကို ၂၀ဝ၃ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး နဲ့ မန္တလေးတိုင်းဒေသကြီးအပါအဝင် တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာပါ ဖွင့်လှစ်သင်ကြားနေတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ သင်တန်းသားဦးရေ (၇၀ဝ၀) ကျော် တက်ရောက်သင်ကြားနေတာဖြစ်ပါတယ်ရှင်။

?bph6