ေဆး႐ံုေတြမွာ ေဆးေတြေပါလြန္းလို႔ သက္တမ္း ကုန္သြားတာေတြေတာင္ရွိဟု ဆို

0
662

ျမန္မာနိုင္ငံက ေဆး႐ံုေတြကို ေဆးဝါး အလံုအေလာက္ ျဖန္႔ခ်ိထားၿပီး ေဆးေတြက မ်ားလြန္းေနတာေၾကာင့္ သက္တမ္းလြန္သြားတဲ့ ေဆးဝါးေတြေတာင္ ရွိတယ္လို႔ က်န္းမာေရးနွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ေျပာပါတယ္။

ဒီေန႔ ဧၿပီ ၁၀ ရက္ေန႔ ေျမာင္းျမၿမိဳ႕မွာ ျပဳလုပ္တဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ ျပည္သူေတြ ေတြ႔ဆံုေဆြးေႏြးေနတဲ့ ၿငိမ္းခ်မ္းေရး စကားဝိုင္းမွာ ဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာဆိုလိုက္တာပါ။ က်န္းမာေရး ဝန္ႀကီးဌာန အေနနဲ႔ ႏိုင္ငံေတာ္ ဘ႑ာေငြေတြ အလံုအေလာက္ ရရွိထားတဲ႔အတြက္ ျပည္သူေတြ က်န္းမာေရး ေစာင့္ေရွာက္မႈေတြကို လာမယ့္ႏွစ္ေတြမွာ ပိုမိုေစာင္႔ေရွာက္နိုင္မွာ ျဖစ္တယ္လို႔ ေဒါက္တာ ျမင္႔ေထြးက ေျပာပါတယ္။

အခုလို က်န္းမာေရးဝန္ႀကီးဌာန အေနနဲ႔ ေဆး႐ံုေတြကို ေဆးဝါးေတြ အလံုအေလာက္ ျဖန္ခ်ိထားတယ္ ဆိုေပမယ့္ လိုအပ္ေနတဲ့ ေနရာေတြကို ေဆးဝါးေတြ တကယ္ ေရာက္ရဲ႕လား ဆိုတာကို တိုင္းအစိုးရေတြ အေနနဲ႔ ေသေသခ်ာခ်ာ စီစစ္ဖို႔ လိုတယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အဲဒီပြဲမွာ တိုက္တြန္းသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆေးရုံတွေမှာ ဆေးတွေပေါလွန်းလို့ သက်တမ်း ကုန်သွားတာတွေတောင်ရှိဟု ဆို

မြန်မာနိုင်ငံက ဆေးရုံတွေကို ဆေးဝါး အလုံအလောက် ဖြန့်ချီထားပြီး ဆေးတွေက များလွန်းနေတာကြောင့် သက်တမ်းလွန်သွားတဲ့ ဆေးဝါးတွေတောင် ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

ဒီနေ့ ဧပြီ ၁၀ ရက်နေ့ မြောင်းမြမြို့မှာ ပြုလုပ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်သူတွေ တွေ့ဆုံဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး စကားဝိုင်းမှာ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုလိုက်တာပါ။ ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ နိုင်ငံတော် ဘဏ္ဍာငွေတွေ အလုံအလောက် ရရှိထားတဲ့အတွက် ပြည်သူတွေ ကျန်းမာရေး စောင့်ရှောက်မှုတွေကို လာမယ့်နှစ်တွေမှာ ပိုမိုစောင့်ရှောက်နိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

အခုလို ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ဆေးရုံတွေကို ဆေးဝါးတွေ အလုံအလောက် ဖြန်ချိထားတယ် ဆိုပေမယ့် လိုအပ်နေတဲ့ နေရာတွေကို ဆေးဝါးတွေ တကယ် ရောက်ရဲ့လား ဆိုတာကို တိုင်းအစိုးရတွေ အနေနဲ့ သေသေချာချာ စီစစ်ဖို့ လိုတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဲဒီပွဲမှာ တိုက်တွန်းသွားပါတယ်။

?bph6