
0
391




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုပ်ရှင်ပညာ အတတ်သင်တန်းကျောင်းနဲ့​ ရုပ်ရှင်စတူဒီယိုတွေ ပေါ်ပေါက်ရေး ဆွေးနွေး

ရုပ်ရှင်ပညာ အတတ်သင်ကျောင်းနဲ့ ရုပ်ရှင်စတူဒီယိုတွေ ပေါ်ပေါက်ရေးကို အခြေခံကာ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန အနေဲ့ ပါဝင်ကူညီဆောင်ရွက်မယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောပါတယ်။

မနေ့က ဧပြီ ၉ ရက် နေပြည်တော်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ဝန်ကြီး ဒေါက်တာ ဖေမြင့်က ရုပ်ရှင်လောကသားတွေအတွက် Outdoor ရိုက်ကူးရေးနဲ့ Indoor ရိုက်ကူးရေး ဆောင်ရွက်နိုင်တဲ့နေရာကို နေပြည်တော်မှာ ဆောင်ရွက်စေလိုတယ်လို့လည်း ပြောပါတယ်။

Forever Group ကုမ္ပဏီ လီမိတက်နဲ့ ရွှေသံလွင် မီဒီယာ ကုမ္ပဏီ လီမိတက်တို့ကလည်း အဲဒီဆွေးနွေးပွဲမှာ တက်ရောက် ဆွေးနွေးကြပါတယ်။

?bph6