Zumba အက ဖျော်ဖြေတင်ဆက်မှုတွေပါဝင်တဲ့ သင်္ကြန်အကြိုပွဲတော် ကျင်းပ (ရုပ်/သံ)

0
702







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Zumba အက ဖျော်ဖြေတင်ဆက်မှုတွေပါဝင်တဲ့ သင်္ကြန်အကြိုပွဲတော်ကို ရန်ကုန်မြို့ မိုင်ဒါကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCNသတင်းထောက် အောင်သူကပေးပို့ထားပါတယ်။

ဧပြီလ(၇)ရက်နေ့က သင်္ကြန်ကို ကြိုတင်ခံစားနိုင်စေဖို့အတွက် Enervon-C က စီစဉ်ကျင်းပခဲ့တာဖြစ်ပြီး ရန်ကုန်မြို့မှာ ဒုတိယအကြိမ်မြောက် Zumba အက ဖျော်ဖြေတင်ဆက်မှုလည်း ဖြစ်ပါတယ်။

Soundbite – ဒေါက်တာသက်သက်လှိုင်(Brand Manager) Enervon-C

ဒီပွဲတော်မှာ အဖွဲ့လိုက် မုန့်လုံးရေပေါ်ပြိုင်ပွဲတွေအပြင် ပျော်ရွှင်စရာဂိမ်းကစားနည်းတွေလည်းပါဝင်ခဲ့ပြီး
နိုင်းနိုင်း၊ ဇဏ်ခီ၊ အောင်မြင့်မြတ်၊ ခိုင်သင်းကြည်၊ စံထိပ်ထားဦး၊ အေးဝတ်ရည်သောင်း၊ မယ်လိုဒီစတဲ့ အနုပညာရှင်တွေကလည်း Zumba အကတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

Soundbite – ဒေါက်တာသက်သက်လှိုင်(Brand Manager) Enervon-C

ဒါ့အပြင် နိုင်ငံကကျော်အဆိုတော်တွေဖြစ်တဲ့ ဇော်ပိုင်၊ ဟဲလေး၊ ဂရေဟမ်၊ Ar-T၊ သားငယ်၊ ဇွဲပြည့်၊ ပန်းရောင်ခြယ်၊ ဘီဘီလမင်းအေးတို့ကလည်း တေးသီချင်းတွေနဲ့သီဆိုဖျော်ဖြေခဲ့ကြပါတယ်ခင်ဗျာ။