ထိုင္းကလပ္မွာ ကစားေနတဲ့ ေက်ာ္ကိုကို ဒဏ္ရာေၾကာင့္ အတန္ၾကာ နားရဖြယ္ရွိ

0
389

ထိုင္းကလပ္ ခ်င္း႐ိုင္ ယူႏုိက္တက္ အက္ဖ္စီမွာ သြားေရာက္ကစားေနတဲ့ ျမန္မာ လက္ေရြးစင္ တိုက္စစ္မႉး ေက်ာ္ကိုကိုဟာ ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ ကာလအအတန္ၾကာ အနားယူရဖြယ္ရွိေနပါတယ္။

ရတနာပံု တုိက္စစ္မႉးေဟာင္း ေက်ာ္ကိုကိုဟာ ၿပီးခဲ့တဲ့ စေနေန႔က ကစားခဲ့တဲ့ ထုိင္း ပတၱယား ယူႏုိက္တက္နဲ႔ ခ်င္း႐ိုင္ အသင္းတုိ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ထိုင္းကလပ္ ပတၱယား ေနာက္ခံလူ ဆာယာဝတ္ရဲ႕ ဖ်က္ထုတ္တာ ၾကမ္းမႈေၾကာင့္ ဒဏ္ရာရရွိသြားခဲ့တာ ျဖစ္တယ္လုိ႔ ထုိင္းသတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ထြက္ေပၚေနတဲ့ သတင္းေတြအရ တုိက္စစ္မႉး ေက်ာ္ကိုကိုဟာ ၂၀၁၈ ခုႏွစ္ တစ္ႏွစ္လံုး နားရဖြယ္ရွိေနၿပီး အျမန္ဆံုး ျပန္ကစားႏုိင္ဖုိ႔ ထုိင္းကလပ္က ေမွ်ာ္လင့္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းကလပ်မှာ ကစားနေတဲ့ ကျော်ကိုကို ဒဏ်ရာကြောင့် အတန်ကြာ နားရဖွယ်ရှိ

ထိုင်းကလပ် ချင်းရိုင် ယူနိုက်တက် အက်ဖ်စီမှာ သွားရောက်ကစားနေတဲ့ မြန်မာ လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုဟာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကာလအအတန်ကြာ အနားယူရဖွယ်ရှိနေပါတယ်။

ရတနာပုံ တိုက်စစ်မှူးဟောင်း ကျော်ကိုကိုဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ထိုင်း ပတ္တယား ယူနိုက်တက်နဲ့ ချင်းရိုင် အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ထိုင်းကလပ် ပတ္တယား နောက်ခံလူ ဆာယာဝတ်ရဲ့ ဖျက်ထုတ်တာ ကြမ်းမှုကြောင့် ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြခဲ့ပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ တိုက်စစ်မှူး ကျော်ကိုကိုဟာ ၂၀၁၈ ခုနှစ် တစ်နှစ်လုံး နားရဖွယ်ရှိနေပြီး အမြန်ဆုံး ပြန်ကစားနိုင်ဖို့ ထိုင်းကလပ်က မျှော်လင့်နေပါတယ်။

?bph6