ျပည္တြင္း သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းရွင္ေတြ ယွဥ္ၿပိဳင္မႈ အခက္အခဲေတြ ရွိလာ (႐ုပ္/သံ)

0
559

ျပည္ပက သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြ ဝင္ေရာက္လာတာေၾကာင့္ ျပည္တြင္း သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းရွင္ေတြ ယွဥ္ၿပိဳင္မႈ အခက္အခဲေတြ ရွိလာေနပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံက အာဆီယံစီးပြားေရးအသုိက္အဝန္း(AEC) ကို ၂၀၁၅ ခုႏွစ္မွာ ဝင္ေရာက္ဖို႔ လိုအပ္ခ်က္ေတြ ရွိေနတာေၾကာင့္ အခု ၂၀၁၈ ခုႏွစ္မွာ ဝင္ေရာက္ဖို႔ရွိေနတာပါ။

အဲဒီလို အာဆီယံစီးပြားေရးအသိုက္အဝန္း (AEC) ကို ဝင္ေရာက္ခဲ႔ရင္ သယ္ယူပို႔ေဆာင္ေရးအခန္းက႑ဟာ အေရးပါလာႏိုင္တာေၾကာင့္ ျပည္တြင္းက သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းရွင္ေတြအတြက္ ယွဥ္ၿပိဳင္ႏိုင္မႈေတြ ရွိလာႏိုင္တာပါ။

Soundbite – ဦးေအာင္မိုး (အတြင္းေရးမွဴး) ျမန္မာႏိုင္ငံအေဝးေျပးကုန္စည္ပို႔ေဆာင္ေရးဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအသင္း

အခုလက္ရွိ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားက ျပည္တြင္းမွာ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြ လုပ္ေဆာင္လာ တဲ႔အတြက္ ျပည္တြင္းက သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းရွင္ေတြနဲ႔ ယွဥ္ၿပိဳင္မႈေတြ ရွိလာၿပီး ျပည္တြင္းက လုပ္ငန္းရွင္ေတြအတြက္ အခက္အခဲေတြ ရွိလာေနတာပါ။
ျမန္မာႏိုင္ငံမွာရွိတဲ႔ သယ္ယူပို႔ေဆာင္ေရးစနစ္ေတြက မိရိုးဖလာအရ တစ္ဦးပိုင္လုပ္ငန္းေတြက အမ်ားအျပား ရွိေနတဲ႔အတြက္ ျပည္ပက လုပ္ေဆာင္ေနတဲ႔ သယ္ယူပို႔ေဆာင္ေရးစနစ္ကို မယွဥ္ၿပိဳင္ႏိုင္တာ ျဖစ္ပါတယ္။

Soundbite – ဦးသန္းဝင္းလႈိင္ (အလုပ္အမႈေဆာင္) ျမန္မာႏိုင္ငံအျပည္ျပည္ဆိုင္ရာကုန္ပစၥည္းပို႔ေဆာင္ေရးအသင္း MIFFA

လာမယ့္ ေမ ၁၂ နဲ႔ ၁၃ ရက္ေန႔မွာ Trucking & Logistic Industries က လုပ္ငန္းရွင္ေတြနဲ႔ ယာဥ္ပိုင္ရွင္ေတြ ေတြ႔ဆုံၿပီး သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းနဲ႔ ပတ္သက္တဲ႔အခ်က္အလက္ေတြကို ေဆြးေႏြး ဖလွယ္သြားဖို႔ ရွိေနပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်ပက သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ဝင်ရောက်လာတာကြောင့် ပြည်တွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်တွေ ယှဉ်ပြိုင်မှု အခက်အခဲတွေ ရှိလာနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံက အာဆီယံစီးပွားရေးအသိုက်အဝန်း(AEC) ကို ၂၀၁၅ ခုနှစ်မှာ ဝင်ရောက်ဖို့ လိုအပ်ချက်တွေ ရှိနေတာကြောင့် အခု ၂၀၁၈ ခုနှစ်မှာ ဝင်ရောက်ဖို့ရှိနေတာပါ။

အဲဒီလို အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) ကို ဝင်ရောက်ခဲ့ရင် သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍဟာ အရေးပါလာနိုင်တာကြောင့် ပြည်တွင်းက သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တွေအတွက် ယှဉ်ပြိုင်နိုင်မှုတွေ ရှိလာနိုင်တာပါ။

Soundbite – ဦးအောင်မိုး (အတွင်းရေးမှူး) မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း

အခုလက်ရှိ ဂျပန်နဲ့ တောင်ကိုရီးယားက ပြည်တွင်းမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်လာ တဲ့အတွက် ပြည်တွင်းက သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တွေနဲ့ ယှဉ်ပြိုင်မှုတွေ ရှိလာပြီး ပြည်တွင်းက လုပ်ငန်းရှင်တွေအတွက် အခက်အခဲတွေ ရှိလာနေတာပါ။
မြန်မာနိုင်ငံမှာရှိတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေက မိရိုးဖလာအရ တစ်ဦးပိုင်လုပ်ငန်းတွေက အများအပြား ရှိနေတဲ့အတွက် ပြည်ပက လုပ်ဆောင်နေတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို မယှဉ်ပြိုင်နိုင်တာ ဖြစ်ပါတယ်။

Soundbite – ဦးသန်းဝင်းလှိုင် (အလုပ်အမှုဆောင်) မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာကုန်ပစ္စည်းပို့ဆောင်ရေးအသင်း MIFFA

လာမယ့် မေ ၁၂ နဲ့ ၁၃ ရက်နေ့မှာ Trucking & Logistic Industries က လုပ်ငန်းရှင်တွေနဲ့ ယာဉ်ပိုင်ရှင်တွေ တွေ့ဆုံပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို ဆွေးနွေး ဖလှယ်သွားဖို့ ရှိနေပါတယ် ခင်ဗျာ။

?bph6