ဂ်ပန္ႏုိင္ငံက စာသင္ေက်ာင္း ၂ ေက်ာင္း လွဴဒါန္း

0
608

ဂ်ပန္ႏုိင္ငံဟာ စာသင္ေက်ာင္း ၂ ေက်ာင္း ေဆာက္လုပ္ လွဴဒါန္းေပးခဲ့တယ္လုိ႔ ဂ်ပန္ သံ႐ံုးက သတင္းထုတ္ျပန္ခဲ့ပါတယ္။

အဲဒီ စာသင္ေက်ာင္း စီမံကိန္းကို ဂ်ပန္ႏုိင္ငံအစိုးရရဲ႕ အေသးစား စီမံကိန္းမ်ား ေထာက္ပ့ံေရး အစီအစဥ္အရ ကူညီခဲ့တာျဖစ္ၿပီး ပဲခူးတိုင္းေဒသႀကီးက ေရေဘးဒဏ္ခံခဲ့ရတဲ့ စာသင္ေက်ာင္း ၂ ေက်ာင္း ေထာက္ပ႔ံခဲ့တာ ျဖစ္ပါတယ္။ ပဲခူးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္ ထန္းပင္ကုန္းေက်းရြာ အေျခခံပညာ အလယ္တန္းေက်ာင္း (ခြဲ) ေဆာက္လုပ္ေရး စီမံကိန္းနဲ႔ မင္းလွၿမိဳ႕နယ္ သရက္ေတာေက်းရြာ အေျခခံပညာ အလယ္တန္းေက်ာင္း (ခြဲ) ေဆာက္လုပ္ေရး စီမံကိန္း တို႔ျဖစ္ပါတယ္။

ထန္းပင္ကုန္းေက်းရြာ စာသင္ေက်ာင္းက အေမရိကန္ေဒၚလာ ၉၄,ဝ၂၅ ကုန္က်ခဲ့ၿပီး သရက္ေတာေက်းရြာ စာသင္ေက်ာင္း ေဆာက္လုပ္ေရး စီမံကိန္းက အေမရိကန္ေဒၚလာ ၈၃,၇၉၃ ကုန္က်ခဲ့ပါတယ္။ အေသးစား စီမံကိန္းမ်ား ေထာက္ပံ့ေရး အစီအစဥ္အရ ေကာင္းမြန္လုံၿခဳံစိတ္ခ်ရတဲ့ ေက်ာင္းပတ္ဝန္းက်င္မ်ား ဖန္တီးေပးႏုိင္မွာ ျဖစ္ၿပီး ဂ်ပန္ႏုိင္ငံရဲ႕ အေထာက္အပ့ံနဲ႔ စုစုေပါင္း ေက်ာင္းသူ ေက်ာင္းသား ၄၈၉ ဦး အက်ိဳး ခံစားရမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်နိုင်ငံက စာသင်ကျောင်း ၂ ကျောင်း လှူဒါန်း

ဂျပန်နိုင်ငံဟာ စာသင်ကျောင်း ၂ ကျောင်း ဆောက်လုပ် လှူဒါန်းပေးခဲ့တယ်လို့ ဂျပန် သံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ စာသင်ကျောင်း စီမံကိန်းကို ဂျပန်နိုင်ငံအစိုးရရဲ့ အသေးစား စီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ ကူညီခဲ့တာဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးက ရေဘေးဒဏ်ခံခဲ့ရတဲ့ စာသင်ကျောင်း ၂ ကျောင်း ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ထန်းပင်ကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ဆောက်လုပ်ရေး စီမံကိန်းနဲ့ မင်းလှမြို့နယ် သရက်တောကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ဆောက်လုပ်ရေး စီမံကိန်း တို့ဖြစ်ပါတယ်။

ထန်းပင်ကုန်းကျေးရွာ စာသင်ကျောင်းက အမေရိကန်ဒေါ်လာ ၉၄,ဝ၂၅ ကုန်ကျခဲ့ပြီး သရက်တောကျေးရွာ စာသင်ကျောင်း ဆောက်လုပ်ရေး စီမံကိန်းက အမေရိကန်ဒေါ်လာ ၈၃,၇၉၃ ကုန်ကျခဲ့ပါတယ်။ အသေးစား စီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ ကောင်းမွန်လုံခြုံစိတ်ချရတဲ့ ကျောင်းပတ်ဝန်းကျင်များ ဖန်တီးပေးနိုင်မှာ ဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ အထောက်အပံ့နဲ့ စုစုပေါင်း ကျောင်းသူ ကျောင်းသား ၄၈၉ ဦး အကျိုး ခံစားရမှာ ဖြစ်ပါတယ်။

?bph6