လက္ရွိပညာေရးစနစ္ရဲ႕ ရလဒ္ေတြဟာ တုိးတက္မႈအားနည္းေနဆဲ ဟုဆို (႐ုပ္/သံ)

0
591

လက္ရွိပညာေရးစနစ္ရဲ႕ ရလဒ္ေတြဟာ တုိးတက္မႈအားနည္းေနဆဲျဖစ္တယ္လုိ႔ တကၠသုိလ္ဆရာ၊ဆရာမမ်ားအသင္းကိုယ္စားျပဳေကာ္မတီက ကေျပာဆုိလုိက္ပါတယ္၊ ဒိသတင္းကုိ MCN သတင္းေထာက္ေက်ာ္ၾကားဟိန္း ကေပးဖုိ႔ ထားပါတယ္။

ပညာေရးစနစ္တိုးတက္ေကာင္းမြန္ေအာင္ အစိုးရအေနနဲ႔ ေဆာင္ရြက္ေနေပမယ့္ လက္ရွိပညာေရးစနစ္ရဲ႕ ရလဒ္ေတြဟာ တုိးတက္မႈအားနည္းေနဆဲျဖစ္တယ္လို႔ တကၠသုိလ္ဆရာမ်ားသမဂၢအဖြဲ႔ ကုိယ္စားျပဳေကာ္မတီ ဦးေဆာင္ေကာ္မတီ၀င္ ကထိက ဦးလႈိင္တင္႔က အခုလုိေျပာၾကားခဲ႔ပါတယ္။

Soundbite – ဦးလႈိင္တင္႔(ဦးေဆာင္ေကာ္မတီ၀င္)တကၠသုိလ္ဆရာ၊ ဆရာမမ်ားအသင္းကိုယ္စားျပဳေကာ္မတီ

ဒါ့အျပင္ လက္ရွိသြားေနတဲ့ အလြတ္က်က္ ပညာေရးစနစ္ဟာ ေခတ္မမွီေတာ့တဲ့အတြက္ ေျပာင္းလဲ သင့္ေနၿပီျဖစ္ၿပီး ပညာေရးစနစ္ ရလဒ္ေကာင္းေတြ မထြက္တာဟာ အဲ့ဒီစနစ္ေတြေၾကာင့္္လည္းပါတယ္လို႕ ဦးေဆာင္ေကာ္မတီ၀င္ ကထိက ဦးလႈိင္တင္႔က ေျပာပါတယ္။

Soundbite – ဦးလႈိင္တင္႔(ဦးေဆာင္ေကာ္မတီ၀င္)တကၠသုိလ္ဆရာ၊ ဆရာမမ်ားအသင္းကိုယ္စားျပဳေကာ္မတီ

အစိုးရသစ္တက္လာၿပီးေနာက္ပိုင္းမွာ ေကာင္းမြန္တဲ့ ပညာေရးစနစ္၊ အဆင့္မီတဲ့ ပညာေရးစနစ္ေတြကိုျဖစ္ဖို႕ အေျခခံပညာေရးဥပေဒ၊ အဆင္႔ျမင္႔ပညာေရးဥပေဒၾကမ္း၊ ပုဂၢလိကပညာေရးဥပေဒၾကမ္းနဲ႔ သက္ေမြးပညာဥပေဒၾကမ္းေတြကို ျပဌာန္းဖို႕ လုပ္ေဆာင္ေနတာျဖစ္ပါတယ္ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လက်ရှိပညာရေးစနစ်ရဲ့ ရလဒ်တွေဟာ တိုးတက်မှုအားနည်းနေဆဲဖြစ်တယ်လို့ တက္ကသိုလ်ဆရာ၊ဆရာမများအသင်းကိုယ်စားပြုကော်မတီက ကပြောဆိုလိုက်ပါတယ်၊ ဒိသတင်းကို MCN သတင်းထောက်ကျော်ကြားဟိန်း ကပေးဖို့ ထားပါတယ်။

ပညာရေးစနစ်တိုးတက်ကောင်းမွန်အောင် အစိုးရအနေနဲ့ ဆောင်ရွက်နေပေမယ့် လက်ရှိပညာရေးစနစ်ရဲ့ ရလဒ်တွေဟာ တိုးတက်မှုအားနည်းနေဆဲဖြစ်တယ်လို့ တက္ကသိုလ်ဆရာများသမဂ္ဂအဖွဲ့ ကိုယ်စားပြုကော်မတီ ဦးဆောင်ကော်မတီဝင် ကထိက ဦးလှိုင်တင့်က အခုလိုပြောကြားခဲ့ပါတယ်။

Soundbite – ဦးလှိုင်တင့်(ဦးဆောင်ကော်မတီဝင်)တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းကိုယ်စားပြုကော်မတီက

ဒါ့အပြင် လက်ရှိသွားနေတဲ့ အလွတ်ကျက် ပညာရေးစနစ်ဟာ ခေတ်မမှီတော့တဲ့အတွက် ပြောင်းလဲ သင့်နေပြီဖြစ်ပြီး ပညာရေးစနစ် ရလဒ်ကောင်းတွေ မထွက်တာဟာ အဲ့ဒီစနစ်တွေကြောင့််လည်းပါတယ်လို့ ဦးဆောင်ကော်မတီဝင် ကထိက ဦးလှိုင်တင့်က ပြောပါတယ်။

Soundbite – ဦးလှိုင်တင့်(ဦးဆောင်ကော်မတီဝင်)တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းကိုယ်စားပြုကော်မတီက
အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာ ကောင်းမွန်တဲ့ ပညာရေးစနစ်၊ အဆင့်မီတဲ့ ပညာရေးစနစ်တွေကိုဖြစ်ဖို့ အခြေခံပညာရေးဥပဒေ၊ အဆင့်မြင့်ပညာရေးဥပဒေကြမ်း၊ ပုဂ္ဂလိကပညာရေးဥပဒေကြမ်းနဲ့ သက်မွေးပညာဥပဒေကြမ်းတွေကို ပြဌာန်းဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်ခင်ဗျား။

?bph6