
0
52



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်း-မြန်မာ ဈေးရောင်းပွဲတော် ၅ ရက်ကြာ ကျင်းပ

ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့၊ စည်ပင်သာယာရေးရုံးမှာ ထိုင်း-မြန်မာ ချစ်ကြည်ရေး ဈေးရောင်းပွဲတော်ကို ဧပြီလ ၇ ရက်ကနေ ဧပြီလ ၁၁ ရက်နေ့အထိ ကျင်းပနေပါတယ်။

ကုန်ပစ္စည်းတွေကို စီးပွားရေးဈေးကွက်ဝင်ဖို့ အခွင့်အလမ်း ဖွင့်ပေးရေး၊ ကုန်ပစ္စည်း အရည်အသွေး အဆင့်မြှင့်တင် တိုးတက်ကောင်းမွန်စေဖို့နဲ့ အသုံးပြုသူ ပြည်သူလူထုနဲ့ အိမ်နီးချင်းနိုင်ငံတွေက ယုံကြည် လက်ခံလာစေရေး၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည် ရင်းနှီးမှု ရရှိပြီး ကုန်သွယ်မှုနဲ့ ဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။

?bph6