
0
61




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်မှာ ပုဂ္ဂလိက ဆေးခန်းတွေကို ရှောင်တခင် စစ်ဆေး၊ Sun Clinic ကို အရေးယူ

ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ခေါင်းဆောင်တဲ့ အဖွဲ့က ရန်ကုန်ရှိ ပုဂ္ဂလိက ဆေးခန်းတွေကို ရှောင်တခင် ဝင်ရောက် စစ်ဆေးပြီး ဆေးခန်းတစ်ခုကို အရေးယူခဲ့ပါတယ်။

မနေ့က ဧပြီ ၆ ရက်နေ့မှာ ဦးနိုင်ငံလင်းနဲ့ အဖွဲ့ဟာ ကြည့်မြင်တိုင်ရှိ စင်္ကာပူဆေးခန်း၊ လမ်းမတော်ရှိ နေဝန်းဆေးခန်း (Sun Clinic)၊ ဗိုလ်တထောင်ရှိ တိုကျိုဆေးခန်းနဲ့ လသာမြို့နယ်ရှိ ထိုင်းလန်းဆေးခန်းတို့ကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

လမ်းမတော်ရှိ Sun Clinic မှာ တရားမဝင် ဆေးကုနေတဲ့ တရုတ်နိုင်ငံသားနဲ့ FDA ထောက်ခံချက် မရှိတဲ့ ဆေးနဲ့ စက်ပစ္စည်းတွေကို တွေ့ရှိခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဆေးဝါးဥပဒေ၊ ပုဂ္ဂလိကဆေးခန်းဥပဒေ၊ မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေတွေနဲ့ အရေးယူမှာ ဖြစ်ပါတယ်။

?bph6