ေျမယာေလ်ာ္ေၾကးမေပးရေသးတဲ့ ပိုင္ရွင္ေတြကို ေလ်ာ္ေၾကးေငြ ၂၀ ရာခိုင္ႏႈန္း ေပးေခ်မယ္ (႐ုပ္/သံ)

0
610

ၿမိဳ႕သစ္စီမံကိန္း အေကာင္အထည္ေဖာ္မယ့္ေနရာမွာ ေျမယာေလ်ာ္ေၾကးမေပးရေသးတဲ့ လယ္ေျမပုိင္ ဆုိင္သူေတြကုိ ေလ်ာ္ေၾကးေငြ ၂၀ ရာခုိင္ႏႈန္းေပးေခ်သြားမွာျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ ေကသြယ္က ေပးပို႔ထားပါတယ္။

ရန္ကုန္ျမစ္အေနာက္ဘက္ ၾကည့္ၿမင့္တုိင္တစ္ဖက္ကမ္း ဆိပ္ႀကီးခေနာင္တုိၿမိဳ႕နဲ႕ တြံေတးၿမိဳ႕နယ္မွာ ရန္ကုန္ ၿမိဳ႕သစ္စီမံကိန္း အေကာင္အထည္ေဖာ္ေဆာင္ရြက္မယ့္ေနရာေတြကုိ ေျမတုိင္းတာမႈလုပ္ငန္းေတြစတင္ေဆာင္ ရြက္ေနၿပီျဖစ္ပါတယ္။

အဲဒီစီမံကိန္းအတြက္ ေျမယာေလ်ာ္ေၾကးမေပးရေသးတဲ့ လယ္သမားေတြကုိ ၿမိဳ႕ေျမသတ္မွတ္ၿပီး ထားတဲ့အတုိင္း တစ္ဧကကုိ က်ပ္သိန္း ၁၀၀ ႏႈန္းနဲ႔ ဆက္လက္ေပးေခ်သြားမွာျဖစ္တယ္လို႔ ရန္ကုန္တုိင္ းေဒသႀကီး လွ်ပ္စစ္၊ စက္မႈလက္မႈနွင့္ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး ေဒၚနီလာေက်ာ္က ေျပာပါတယ္။

Sound Bite ေဒၚနီလာေက်ာ္ (လ်ွပ္စစ္၊စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး)
ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႕

ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႕က ၁၀၀ရာခုိင္ႏႈန္း အျပည့္ပုိင္ဆုိင္တဲ့ ရန္ကုန္ၿမိဳ႕သစ္ ဖြ႔ံၿဖိဳးေရး ကုမၸဏီလီမိတက္ကုိ ဖြဲ႕စည္းတည္ေထာင္ခဲ့တာပါ။
အဲဒီစီမံကိန္းကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ရာမွာ စက္မွုဇုန္ေတြအဆင့္ျမႇင့္တင္ရာမွာ အခ်ိဳ႕ေနရာေတြကုိ ဖယ္ရွားရမွာျဖစ္လုိ႔ အဲဒီေနရာေတြမွာ ေနထုိင္ေနတဲ့သူေတြကုိ အခြင့္အလမ္းေတြ ပိုမုိရရွိနုိင္ဖို႔လုပ္ေဆာင္ေပးသြားမွာျဖစ္ပါတယ္။

Sound Bite ဦးၿဖိဳးမင္းသိန္း ( ၀န္ႀကီးခ်ဳပ္)
ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႕

လက္ရွိမွာေတာ့ အဲဒီစီမံကိန္းရဲ႕ ကနဦးစီမံခ်က္အေနနဲ႔ ရြာၿမိဳ႕နယ္ ၅ခု၊ ျမစ္ကူးတံတား (၂)စင္း၊ ၂၆ကီလုိမီတာအရွည္ ပင္မလမ္းေၾကာင္းေတြ၊ ၁၀စတုရန္း ကီလုိမီတာရွိ စက္မႈဇုန္၊ လွ်ပ္စစ္ဓာတ္ အားထုတ္လုပ္မႈစက္ရုံ၊ လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေရးအေဆာက္အအုံ၊ ေရသန္႕စနစ္တည္ေဆာက္မႈေတြအျပင္ ေရဆုိးထုတ္စက္ရုံ ေတြပါ၀င္မွာျဖစ္တာေၾကာင့္ ပုဂၢလိက လုပ္ငန္းေတြကုိ တင္ဒါေခၚယူသြားမွာ ျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မယ့်နေရာမှာ မြေယာလျော်ကြေးမပေးရသေးတဲ့ လယ်မြေပိုင် ဆိုင်သူတွေကို လျော်ကြေးငွေ ၂၀ ရာခိုင်နှုန်းပေးချေသွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ်က ပေးပို့ထားပါတယ်။

ရန်ကုန်မြစ်အနောက်ဘက် ကြည့်မြင့်တိုင်တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တိုမြို့နဲ့ တွံတေးမြို့နယ်မှာ ရန်ကုန် မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မယ့်နေရာတွေကို မြေတိုင်းတာမှုလုပ်ငန်းတွေစတင်ဆောင် ရွက်နေပြီဖြစ်ပါတယ်။

အဲဒီစီမံကိန်းအတွက် မြေယာလျော်ကြေးမပေးရသေးတဲ့ လယ်သမားတွေကို မြို့မြေသတ်မှတ်ပြီး ထားတဲ့အတိုင်း တစ်ဧကကို ကျပ်သိန်း ၁၀ဝ နှုန်းနဲ့ ဆက်လက်ပေးချေသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင် းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

Sound Bite ဒေါ်နီလာကျော် (လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၁၀ဝရာခိုင်နှုန်း အပြည့်ပိုင်ဆိုင်တဲ့ ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်ကို ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။
အဲဒီစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ စက်မှုဇုန်တွေအဆင့်မြှင့်တင်ရာမှာ အချို့နေရာတွေကို ဖယ်ရှားရမှာဖြစ်လို့ အဲဒီနေရာတွေမှာ နေထိုင်နေတဲ့သူတွေကို အခွင့်အလမ်းတွေ ပိုမိုရရှိနိုင်ဖို့လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

Sound Bite ဦးဖြိုးမင်းသိန်း ( ဝန်ကြီးချုပ်)
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

လက်ရှိမှာတော့ အဲဒီစီမံကိန်းရဲ့ ကနဦးစီမံချက်အနေနဲ့ ရွာမြို့နယ် ၅ခု၊ မြစ်ကူးတံတား (၂)စင်း၊ ၂၆ကီလိုမီတာအရှည် ပင်မလမ်းကြောင်းတွေ၊ ၁၀စတုရန်း ကီလိုမီတာရှိ စက်မှုဇုန်၊ လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုစက်ရုံ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဆောက်အအုံ၊ ရေသန့်စနစ်တည်ဆောက်မှုတွေအပြင် ရေဆိုးထုတ်စက်ရုံ တွေပါဝင်မှာဖြစ်တာကြောင့် ပုဂ္ဂလိက လုပ်ငန်းတွေကို တင်ဒါခေါ်ယူသွားမှာဖြစ်ပါတယ်ရှင်။

?bph6