ကျောင်းပြင်ပ မူလတန်းကနေ အလယ်တန်း တက်နိုင်ရေး သင်ကြားပေမယ် (ရုပ်/သံ)

0
399







ကျောင်းပြင်ပမူလတန်းပညာရေး သင်ကြားပေးခဲ့တဲ့ (၁၀)နှစ်တာကာလအတွင်းမှာ မြို့နယ်ပေါင်း (၁၃၅)မြို့နယ်ကို အကောင်အထည်ဖော်သင်ကြားပေးနိုင်ခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားပေါင်း (၇၅၀၀၀) ကို မူလတန်းအဆင့် ပြီးမြောက်အောင် မွေးထုတ်ပေးနိုင်ခဲ့ပါတယ်ခင်ဗျာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျောင်းပြင်ပ မူလတန်းပညာရေးကနေ အလယ်တန်းပညာရေးစနစ်ကို တက်လှမ်းသင်ကြားပေးသွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံ စာတတ် မြောက်ရေး အထောက်အကူပြု ပင်မဌာနက ဒုတိယဥက္ကဋ္ဌ ကပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် အောင်သူကပေးပို့ထားပါတယ်။

ကျောင်ပြင်ပမူလတန်းပညာရေးကနေ တတ်မြောက်အောင်မြင်သွားသူတွေအနေနဲ့ အခြေခံပညာအလယ် တန်းကျောင်းတွေမှာ တက်ရောက်ဖို့ အခက်အခဲတွေရှိနေတာကြောင့် တဆင့်တိုးမြှင့်ပြီး ကျောင်းပြင်ပ အလယ်တန်းပညာရေးစနစ်ကို တက်လှမ်းသင်ကြားနိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်။

မတ်လ(၃၁)ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) လုပ်ငန်းအစီအစဉ်ရဲ့ (၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့တာပါ။

Soundbite – ဒေါက်တာဦးတင်ညို(ဒုတိယဥက္ကဋ္ဌ) မြန်မာနိုင်ငံစာတက်မြောက်ရေးအထောက်အကူပြုပင်မဋ္ဌာန

ဒါ့အပြင် ကျောင်းပြင်ပ အလယ်တန်းပညာရေးစနစ်မှာ ကျောင်းသင်ခန်းစာတွေအပြင် အသက်မွေးမှုအတတ် ပညာဘာသာရပ်တွေကို သင်ကြားပေးသွားမှာဖြစ်ပြီး အိုင်စီတီဘာသာရပ်ကိုလည်း ထည့်သွင်းပေးထားတယ်လို့ ပြောပါတယ်။

Soundbite – ဒေါက်တာဦးတင်ညို(ဒုတိယဥက္ကဋ္ဌ) မြန်မာနိုင်ငံစာတက်မြောက်ရေးအထောက်အကူပြုပင်မဋ္ဌာန

ကျောင်းပြင်ပမူလတန်းပညာရေး သင်ကြားပေးခဲ့တဲ့ (၁၀)နှစ်တာကာလအတွင်းမှာ မြို့နယ်ပေါင်း (၁၃၅)မြို့နယ်ကို အကောင်အထည်ဖော်သင်ကြားပေးနိုင်ခဲဲ့ပြီး ကျောင်းသူ၊ ကျောင်းသားပေါင်း (၇၅၀ဝ၀) ကို မူလတန်းအဆင့် ပြီးမြောက်အောင် မွေးထုတ်ပေးနိုင်ခဲ့ပါတယ်ခင်ဗျာ။

?bph6