ျမန္မာကို ဖိအားထပ္ေပးဖို႔ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ေတာင္းဆို

0
746

မြတ္စလင္ ဒုကၡသည္အေရးနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံကို ဖိအားထပ္ေပးဖို႔ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ရွိတ္ခ္ ဟာစီနာက ေတာင္းဆိုလိုက္ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ရဲ႕ အေရွ႕ေတာင္အာရွ ေဒသဆိုင္ရာ ညႊန္ၾကားေရးမွဴး ေဒါက္တာ ပူနန္ ကတၳရာပယ္လ္ ဆင္းနဲ႔ မေန႔က မတ္လ ၂၈ မွာ ေတြ႔ဆံုစဥ္ ဝန္ႀကီးခ်ဳပ္ ဟာစီနာက အခုလို ေတာင္းဆိုတာ ျဖစ္ပါတယ္။

မြတ္စလင္ ဒုကၡသည္အေရးနဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံအေပၚ ဘယ္လို ဖိအားေတြ ထပ္ေပးမလဲဆိုတာနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခဲ့ၾကတယ္လို႔ ဝန္ႀကီးခ်ဳပ္ ဟာစီနာရဲ႕ ေျပာခြင့္ရသူက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာကို ဖိအားထပ်ပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တောင်းဆို

မွတ်စလင် ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ဖိအားထပ်ပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ပူနန် ကတ္ထရာပယ်လ် ဆင်းနဲ့ မနေ့က မတ်လ ၂၈ မှာ တွေ့ဆုံစဉ် ဝန်ကြီးချုပ် ဟာစီနာက အခုလို တောင်းဆိုတာ ဖြစ်ပါတယ်။

မွတ်စလင် ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် ဘယ်လို ဖိအားတွေ ထပ်ပေးမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီးချုပ် ဟာစီနာရဲ့ ပြောခွင့်ရသူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။