ပုဂံ၊ ေညာင္ဦးမွာ ပထမဆံုး ဆင္စခန္း ပထမဆုံး ပလင္းကမ္းသာယာ ဖြင့္မယ္

0
848

ေရွးေဟာင္း ယဥ္ေက်းမႈ နယ္ေျမ ပုဂံ၊ ေညာင္ဦး ေဒသမွာ ပထမဆံုး ဆင္စခန္းျဖစ္တဲ့ ပလင္းကမ္းသာယာ ဆင္စခန္းကို လာမယ့္ မတ္လ ၂၈ ရက္ေန႔မွာ ဖြင့္လွစ္မွာ ျဖစ္ပါတယ္။

ပလင္းကမ္းသာယာ ဆင္စခန္းဟာ ေညာင္ဦး – ပခုကၠဴ – ျမင္းၿခံ လမ္းမႀကီးရဲ႕ ေျမာက္ဘက္၊ ေညာင္ဦးကေန ၅ မိုင္ ၅ ဖာလုံ အကြာ ဧရာဝတီ ျမစ္ကမ္းေဘးမွာ တည္ရွိပါတယ္။ ပလင္းကမ္းသာယာ ဆင္စခန္းမွာ ဝန္တင္ဆင္ ၂ ေကာင္၊ ဆင္သားအမိျဖစ္တဲ့ မိခင္ဆင္မႀကီးနဲ႔ ဆင္ကေလး ၁ ေကာင္ စုစုေပါင္း ၄ ေကာင္ ရွိမွာ ျဖစ္ပါတယ္။

ဆင္စခန္းဝင္ေၾကးမွာ ျပည္တြင္း ခရီးသြားေတြအတြက္ ၁ ဦးကို က်ပ္ ၁ ေထာင္၊ ျပည္ပ ခရီးသြားေတြ အတြက္ ၁ ဆင္စီးခ အပါအဝင္ ၁ ဦးကို က်ပ္ ၂ ေသာင္း ျဖစ္ပါတယ္။ ျပည္တြင္း ဧည့္သည္ေတြအတြက္ ဆင္စီးခက ၁ ဦးကို ၅ ေထာင္က်ပ္ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပုဂံ၊ ညောင်ဦးမှာ ပထမဆုံး ဆင်စခန်း ပထမဆုံး ပလင်းကမ်းသာယာ ဖွင့်မယ်

ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ပုဂံ၊ ညောင်ဦး ဒေသမှာ ပထမဆုံး ဆင်စခန်းဖြစ်တဲ့ ပလင်းကမ်းသာယာ ဆင်စခန်းကို လာမယ့် မတ်လ ၂၈ ရက်နေ့မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ပလင်းကမ်းသာယာ ဆင်စခန်းဟာ ညောင်ဦး – ပခုက္ကူ – မြင်းခြံ လမ်းမကြီးရဲ့ မြောက်ဘက်၊ ညောင်ဦးကနေ ၅ မိုင် ၅ ဖာလုံ အကွာ ဧရာဝတီ မြစ်ကမ်းဘေးမှာ တည်ရှိပါတယ်။ ပလင်းကမ်းသာယာ ဆင်စခန်းမှာ ဝန်တင်ဆင် ၂ ကောင်၊ ဆင်သားအမိဖြစ်တဲ့ မိခင်ဆင်မကြီးနဲ့ ဆင်ကလေး ၁ ကောင် စုစုပေါင်း ၄ ကောင် ရှိမှာ ဖြစ်ပါတယ်။

ဆင်စခန်းဝင်ကြေးမှာ ပြည်တွင်း ခရီးသွားတွေအတွက် ၁ ဦးကို ကျပ် ၁ ထောင်၊ ပြည်ပ ခရီးသွားတွေ အတွက် ၁ ဆင်စီးခ အပါအဝင် ၁ ဦးကို ကျပ် ၂ သောင်း ဖြစ်ပါတယ်။ ပြည်တွင်း ဧည့်သည်တွေအတွက် ဆင်စီးခက ၁ ဦးကို ၅ ထောင်ကျပ် ဖြစ်ပါတယ်။