
0
752



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုက်တာ သတင်းထောက်တွေကို ၁၁ ကြိမ်မြောက် ရုံးထုတ်

ရိုက်တာ သတင်းထောက်တွေ ဖြစ်တဲ့ ဝလုံး (၃၁ နှစ်) နဲ့ ကျော်စိုးဦး (၂၈ နှစ်) တို့ကို ၁၁ ကြိမ်မြောက် အဖြစ် ဒီနေ့ မတ်လ ၂၁ ရက်နေ့မှာ ရုံးထုတ်ပါတယ်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ အဖမ်းခံရတဲ့ ဝလုံးနဲ့ ကျော်စိုးဦးတို့ဟာ ဖမ်းဆီးခံထားရတာလည်း ရက် ၁၀ဝ ပြည့်ပြီ ဖြစ်ပါတယ်။
ဂျာနယ်လစ် ၂ ဦးဟာ သူတို့အလုပ် သူတို့လုပ်ရင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်ကတည်းက အဖမ်းခံခဲ့ရတာပါ၊ သူတို့ဟာ သတင်းခန်းထဲမှာပဲ ရှိသင့်တယ်၊ ထောင်ထဲမှာ မရှိသင့်ဘူးလို့ ရိုက်တာ အယ်ဒီတာချုပ် စတီဖင် ဂျေ အက်ဒလာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။