
0
3911




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဦးထင်ကျော်ကို ပြည်သူတွေက ချစ်ခင်မြတ်နိုး၊ လေးစားတန်ဖိုးထားကြလိမ့်မယ်လို့ သူရဦးရွှေမန်းဆို

တာဝန်က အနားယူသွားတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို ပြည်သူတွေက ချစ်ခင်မြတ်နိုး၊ လေးစားတန်ဖိုးထားကြလိမ့်မယ်လို့ လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် တာဝန်ကနေနှုတ်ထွက်စာ မထုတ်ပြန်ခင် မတ်လ ၂၀ ရက်နေ့က Facebook လူမှုကွန်ရက်စာမျက်နှာကနေ တဆင့် ရေးသား ပြောဆိုလိုက်တာပါ။

ဒီလို ပြောကြားရာမှာတော့ ဘယ်သူ မပြု မိမိမှု၊ ကိုယ်ဖြစ် ကိုယ်ခံ၊ ကိုယ်ရ ကိုယ်စံ ဆိုပေမယ့် သူ့ကြောင့် သူများတွေ ဒုက္ခမခံရပဲ၊ သူက အများအကျိုးရှိအောင် ဆောင်ရွက်ပေးနိုင်ရင် သူ့ကို ပြည်သူတွေက ချစ်ခင်မြတ်နိုး၊ လေးစားတန်ဖိုးထားကြ လိမ့်မယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။

?bph6