ဘဂၤါလီေတြထက္ ေတာင္အာဖရိက လယ္သမားေတြ ေခၚယူတာ ပိုေကာင္းမယ္လို႔ ၾသစေၾတးလ် အမတ္ ေျပာ

0
7495

႐ိုဟင္ဂ်ာလို႔ ေခၚတဲ့ မြတ္စလင္ေတြကို ေခၚယူတာထက္ ေတာင္အာဖရိကရွိ လူျဖဴ လယ္သမားေတြကို ေခၚယူတာက ၾသစေၾတးလ်အတြက္ ပိုေကာင္းမယ္လို႔ လႊတ္ေတာ္အမတ္ ေဒးဗစ္ လီယြန္ဟိန္းက ေျပာလိုက္တဲ့အတြက္ အျငင္းပြားမႈေတြ ျဖစ္ေနပါတယ္။

ဖိႏွိပ္ခံေနရတဲ့ ေတာင္အာဖရိက လယ္သမားေတြကို ဗီဇာထုတ္ေပးဖို႔ ျပည္ထဲေရးဝန္ႀကီး ပီတာ ဒတ္တန္က ေျပာတာနဲ႔ ပတ္သက္ၿပီး လစ္ဘရယ္ ဒီမိုကရက္ အမတ္ လီယြန္ဟိန္းက တံု႔ျပန္တာ ျဖစ္ပါတယ္။

သူတို႔ဟာ မည္းသည္ျဖစ္ေစ၊ ျဖဴသည္ျဖစ္ေစ၊ ညိဳသည္ျဖစ္ေစ ဒုကၡသည္ေတြပါပဲ၊ သူတို႔ဟာ အလုပ္ရမယ္၊ အခြန္ေဆာင္မယ္၊ ဥပမာေပးရရင္ ႐ိုဟင္ဂ်ာေတြထက္ေတာ့ လူ႔အဖြဲ႔အစည္းကို ပို အေထာက္အကူ ေပးႏိုင္လိမ့္မယ္လို႔ သူက ေျပာလိုက္တာ ျဖစ္ပါတယ္။ လုပ္ငန္းကြ်မ္းက်င္မႈ ရွိၿပီးသား ေတာင္အာဖရိက လယ္သမားေတြက လူ႔အဖြဲ႔အစည္းမွာ ပူးေပါင္းဖို႔ ပိုလြယ္လိမ့္မယ္လို႔ သူက ေျပာပါတယ္။

ၾသစေၾတးလ် ဂရင္းပါတီက ေျပာခြင့္ရသူ နစ္ခ္ မက္ခ္ကင္မ္ကေတာ့ လီယြန္ဟိန္းရဲ႕ မွတ္ခ်က္ဟာ လူမ်ိဳးေရး ခြဲျခားတာ ျဖစ္တယ္လို႔ ေဝဖန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီတွေထက် တောင်အာဖရိက လယ်သမားတွေ ခေါ်ယူတာ ပိုကောင်းမယ်လို့ သြစတြေးလျ အမတ် ပြော

ရိုဟင်ဂျာလို့ ခေါ်တဲ့ မွတ်စလင်တွေကို ခေါ်ယူတာထက် တောင်အာဖရိကရှိ လူဖြူ လယ်သမားတွေကို ခေါ်ယူတာက သြစတြေးလျအတွက် ပိုကောင်းမယ်လို့ လွှတ်တော်အမတ် ဒေးဗစ် လီယွန်ဟိန်းက ပြောလိုက်တဲ့အတွက် အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။

ဖိနှိပ်ခံနေရတဲ့ တောင်အာဖရိက လယ်သမားတွေကို ဗီဇာထုတ်ပေးဖို့ ပြည်ထဲရေးဝန်ကြီး ပီတာ ဒတ်တန်က ပြောတာနဲ့ ပတ်သက်ပြီး လစ်ဘရယ် ဒီမိုကရက် အမတ် လီယွန်ဟိန်းက တုံ့ပြန်တာ ဖြစ်ပါတယ်။

သူတို့ဟာ မည်းသည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေ၊ ညိုသည်ဖြစ်စေ ဒုက္ခသည်တွေပါပဲ၊ သူတို့ဟာ အလုပ်ရမယ်၊ အခွန်ဆောင်မယ်၊ ဥပမာပေးရရင် ရိုဟင်ဂျာတွေထက်တော့ လူ့အဖွဲ့အစည်းကို ပို အထောက်အကူ ပေးနိုင်လိမ့်မယ်လို့ သူက ပြောလိုက်တာ ဖြစ်ပါတယ်။ လုပ်ငန်းကျွမ်းကျင်မှု ရှိပြီးသား တောင်အာဖရိက လယ်သမားတွေက လူ့အဖွဲ့အစည်းမှာ ပူးပေါင်းဖို့ ပိုလွယ်လိမ့်မယ်လို့ သူက ပြောပါတယ်။

သြစတြေးလျ ဂရင်းပါတီက ပြောခွင့်ရသူ နစ်ခ် မက်ခ်ကင်မ်ကတော့ လီယွန်ဟိန်းရဲ့ မှတ်ချက်ဟာ လူမျိုးရေး ခွဲခြားတာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

?bph6