မုဒူေက်းရြာမွာ ႏွစ္ေပါင္း ၄၀ အတြင္း ပထမဆံုး အေျခခံမူလတန္းေက်ာင္း ဖြင့္လွစ္ (႐ုပ္/သံ)

0
822

အင္းတေကာ္ၿမိဳ႕နယ္ မုဒူေက်းရြာမွာ ႏွစ္ေပါင္း ၄၀ အတြင္း ပထမဆံုး အေျခခံမူလတန္းေက်ာင္းကို ေက်ာင္းသားကေလးေတြကိုယ္တိုင္ ေဆးသုတ္ျပီးဖြင့္လွစ္ခဲ့ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေမာင္ထက္က ေပးပို႔ထားပါတယ္။

ပဲခူးတိုင္း အင္းတေကာ္ျမိဳ႕နယ္ထဲက ကရင္လူမ်ိဳး အမ်ားစုေနထိုင္တဲ့ မုဒူေက်းရြာေလးမွာ ႏွစ္ေပါင္း၄၀အတြင္း ပထမဆံုးအေျခခံမူလတန္းေက်ာင္းေဆာင္ကို ေက်ာင္းသားကေလးသူငယ္ေတြကိုယ္တိုင္ ေဆးသုတ္ျပီး မတ္လ ၁၇ရက္ေန႔က ဖြင့္လွစ္ခဲ့ပါတယ္။

အဲ့ဒီေက်းရြာနဲ႔အနီးတစ္၀ိုက္က ကေလးသူငယ္ေတြဟာ ျပီးခဲ့တဲ့ႏွစ္ေတြအတြင္း ၂ မိုင္ခြဲေလာက္ေ၀းတဲ့ အင္းတေကာ္ျမိဳ႕က ေက်ာင္းကို လမ္းေလ်ာက္ ေက်ာင္းတက္ခဲ့ရတာပါ။

Soundbites-ဦးေစာသိန္းေရႊ
မုဒူေက်းရြာေဒသခံ

မုဒူေက်းရြာက ဒီေက်ာင္းေလးျဖစ္ေျမာက္ဖို႔အတြက္ Built a School In Burmaအဖြဲ႔နဲ႔ ကရင္အမ်ိဳးသမီး ဖြံျဖိဳးတိုးတက္ေရးအဖြဲ႕တို႔က ဦးစီးလုပ္ေဆာင္ခဲ့တာျဖစ္ျပီး စင္ကာပူႏိုင္ငံက အလႈရွင္တစ္ဦးနဲ႔ Schindler ကုမၸဏီတို႕က ပံပိုးကူညီခဲ့တာပါ။

Soundbites-Robert Cornwell (Founder)
Build a School In Burma

(ကေလးေတြအတြက္ ပညာေရးက အေရးၾကီးတယ္ဆိုတာ က်ေနာ္ေျပာခ်င္ပါတယ္။ က်ေနာ္ျမန္မာႏိုင္ငံကို ၂၀၁၀ ေလာက္မွစေရာက္ေတာ့ သတိထားမိတယ္။ ကေလးေတြရဲ့ မိဘေတြနဲ႔စကားေျပာၾကည့္ေတာ့ တခ်ိဳ႔မိဘေတြက စာမေရးတတ္ မဖတတ္တာေတြေတြ႕ရတယ္။ ဒီေတာ့ေနာက္လာမယ့္မ်ိဳးဆက္သစ္အတြက္ ပညာေရးက ပိုအေရးၾကီးတယ္ဆိုတာေတြ႔တဲ့အခါ ဒီရည္ရြယ္ခ်က္နဲ႔ က်ေနာ္ေက်ာင္းေတြ ေဆာက္လုပ္ျဖစ္ခဲ့တာပါ။)

(Built a School In Burma)အဖြဲ႕ဟာ ျမန္မာႏိုင္ငံေဒသအႏွံမွာ စာသင္ေက်ာင္းေတြ ေဆာက္လုပ္လွဴဒါန္းေနတာျဖစ္ၿပီး မုဒူေက်းရြာ ေက်ာင္းအပါအ၀င္ စာသင္ေက်ာင္း ၃၃ ေက်ာင္း ေဆာက္လုပ္လွဴဒါန္းၿပီးျဖစ္ပါတယ္။ မုဒူေက်းရြာအေျခခံမူလတန္းေက်ာင္းကို လက္ရွိ အစိုးရဘက္က အင္းတေကာ္ျမိဳ႕နယ္ေက်ာင္းနဲ႔ တြဲဖက္ထားေပးထားတာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်းတကော်မြို့နယ် မုဒူကျေးရွာမှာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံး အခြေခံမူလတန်းကျောင်းကို ကျောင်းသားကလေးတွေကိုယ်တိုင် ဆေးသုတ်ပြီးဖွင့်လှစ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

ပဲခူးတိုင်း အင်းတကော်မြို့နယ်ထဲက ကရင်လူမျိုး အများစုနေထိုင်တဲ့ မုဒူကျေးရွာလေးမှာ နှစ်ပေါင်း၄၀အတွင်း ပထမဆုံးအခြေခံမူလတန်းကျောင်းဆောင်ကို ကျောင်းသားကလေးသူငယ်တွေကိုယ်တိုင် ဆေးသုတ်ပြီး မတ်လ ၁၇ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။

အဲ့ဒီကျေးရွာနဲ့အနီးတစ်ဝိုက်က ကလေးသူငယ်တွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ၂ မိုင်ခွဲလောက်ဝေးတဲ့ အင်းတကော်မြို့က ကျောင်းကို လမ်းလျောက် ကျောင်းတက်ခဲ့ရတာပါ။

Soundbites-ဦးစောသိန်းရွှေ
မုဒူကျေးရွာဒေသခံ

မုဒူကျေးရွာက ဒီကျောင်းလေးဖြစ်မြောက်ဖို့အတွက် Built a School In Burmaအဖွဲ့နဲ့ ကရင်အမျိုးသမီး ဖွံဖြိုးတိုးတက်ရေးအဖွဲ့တို့က ဦးစီးလုပ်ဆောင်ခဲ့တာဖြစ်ပြီး စင်ကာပူနိုင်ငံက အလှုရှင်တစ်ဦးနဲ့ Schindler ကုမ္ပဏီတို့က ပံပိုးကူညီခဲ့တာပါ။

Soundbites-Robert Cornwell (Founder)
Build a School In Burma

(ကလေးတွေအတွက် ပညာရေးက အရေးကြီးတယ်ဆိုတာ ကျနော်ပြောချင်ပါတယ်။ ကျနော်မြန်မာနိုင်ငံကို ၂၀၁၀ လောက်မှစရောက်တော့ သတိထားမိတယ်။ ကလေးတွေရဲ့ မိဘတွေနဲ့စကားပြောကြည့်တော့ တချို့မိဘတွေက စာမရေးတတ် မဖတတ်တာတွေတွေ့ရတယ်။ ဒီတော့နောက်လာမယ့်မျိုးဆက်သစ်အတွက် ပညာရေးက ပိုအရေးကြီးတယ်ဆိုတာတွေ့တဲ့အခါ ဒီရည်ရွယ်ချက်နဲ့ ကျနော်ကျောင်းတွေ ဆောက်လုပ်ဖြစ်ခဲ့တာပါ။)

(Built a School In Burma)အဖွဲ့ဟာ မြန်မာနိုင်ငံဒေသအနှံမှာ စာသင်ကျောင်းတွေ ဆောက်လုပ်လှူဒါန်းနေတာဖြစ်ပြီး မုဒူကျေးရွာ ကျောင်းအပါအဝင် စာသင်ကျောင်း ၃၃ ကျောင်း ဆောက်လုပ်လှူဒါန်းပြီးဖြစ်ပါတယ်။ မုဒူကျေးရွာအခြေခံမူလတန်းကျောင်းကို လက်ရှိ အစိုးရဘက်က အင်းတကော်မြို့နယ်ကျောင်းနဲ့ တွဲဖက်ထားပေးထားတာဖြစ်ပါတယ်ခင်ဗျာ။