လိႈင္သာယာ၊ ေတာင္ဥကၠလာနဲ႔ ဒလတို႔မွာ ၁ ေသာင္းတန္ အတုေတြ ေတြ႕ရွိ

0
805

လိႈင္သာယာၿမိဳ႕နယ္မွာ ေငြစကၠဴ က်ပ္ ၁ ေသာင္းတန္ ၁၂ ရြက္၊ ေတာင္ဥကၠလာပၿမိဳ႕နယ္မွာ ၁ ေသာင္းတန္ အတု ၂ ရြက္နဲ႔ ၅ ေထာင္တန္ ၁ ရြက္၊ ဒလၿမိဳ႕နယ္မွာ ၁ ေသာင္းတန္ အတု ၃ ရြက္ အသီးသီးေတြ႔ရွိ သိမ္းဆည္းခဲ့ပါတယ္။

မတ္လ ၁၆ ရက္ေန႔က လိႈင္သာယာၿမိဳ႕နယ္ရွိ Modern KTV မွာ လာေရာက္သီဆုိသူ ေဇာ္ေဇာ္ျမင့္ (၃၁ ႏွစ္) အပါအဝင္ ၅ ဦး က်သင့္ေငြ ၁၀၈၀၀၀ ေပးေခ်ရာမွာ အတုလို႔ထင္တဲ့အတြက္ ဆိုင္တာဝန္ခံ ဦးေဇာ္တင့္က ရဲကို အေၾကာင္းၾကားလို႔ ရွာေဖြရာမွာ ေဇာ္ေဇာ္ျမင့္တို႔ဆီကေန က်ပ္ ၁ ေသာင္းတန္ ေငြစကၠဴအတု ၁၂ ရြက္ ေတြ႔ရွိခဲ့ၿပီး ဖမ္းဆီးထားပါတယ္။

မတ္လ ၁၆ ရက္ေန႔ကပဲ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ႐ိုးမဘဏ္ခြဲ (၆၄) မွာ အပ္ႏွံတဲ့ေငြေတြထဲက ၁ ေသာင္းတန္ အတု ၂ ရြက္၊ ၅ ေထာင္တန္ ၁ ရြက္ ေတြ႔ရွိလို႔ ရဲစခန္းကို အပ္ႏွံခဲ့ပါတယ္။ ဒလၿမိဳ႕နယ္ရွိ ကေမာၻဇ (ဒလ) ဘဏ္ခြဲမွာလည္း လာေရာက္အပ္ႏွံတဲ့ ေငြေတြထဲက ၁ ေသာင္းက်ပ္တန္ ၂ ရြက္ ေတြ႔ရွိလို႔ ရဲစခန္းကို အပ္ႏွံခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လှိုင်သာယာ၊ တောင်ဥက္ကလာနဲ့ ဒလတို့မှာ ၁ သောင်းတန် အတုတွေ တွေ့ရှိ

လှိုင်သာယာမြို့နယ်မှာ ငွေစက္ကူ ကျပ် ၁ သောင်းတန် ၁၂ ရွက်၊ တောင်ဥက္ကလာပမြို့နယ်မှာ ၁ သောင်းတန် အတု ၂ ရွက်နဲ့ ၅ ထောင်တန် ၁ ရွက်၊ ဒလမြို့နယ်မှာ ၁ သောင်းတန် အတု ၃ ရွက် အသီးသီးတွေ့ရှိ သိမ်းဆည်းခဲ့ပါတယ်။

မတ်လ ၁၆ ရက်နေ့က လှိုင်သာယာမြို့နယ်ရှိ Modern KTV မှာ လာရောက်သီဆိုသူ ဇော်ဇော်မြင့် (၃၁ နှစ်) အပါအဝင် ၅ ဦး ကျသင့်ငွေ ၁၀၈၀ဝ၀ ပေးချေရာမှာ အတုလို့ထင်တဲ့အတွက် ဆိုင်တာဝန်ခံ ဦးဇော်တင့်က ရဲကို အကြောင်းကြားလို့ ရှာဖွေရာမှာ ဇော်ဇော်မြင့်တို့ဆီကနေ ကျပ် ၁ သောင်းတန် ငွေစက္ကူအတု ၁၂ ရွက် တွေ့ရှိခဲ့ပြီး ဖမ်းဆီးထားပါတယ်။

မတ်လ ၁၆ ရက်နေ့ကပဲ တောင်ဥက္ကလာပမြို့နယ်၊ ရိုးမဘဏ်ခွဲ (၆၄) မှာ အပ်နှံတဲ့ငွေတွေထဲက ၁ သောင်းတန် အတု ၂ ရွက်၊ ၅ ထောင်တန် ၁ ရွက် တွေ့ရှိလို့ ရဲစခန်းကို အပ်နှံခဲ့ပါတယ်။ ဒလမြို့နယ်ရှိ ကမ္ဘောဇ (ဒလ) ဘဏ်ခွဲမှာလည်း လာရောက်အပ်နှံတဲ့ ငွေတွေထဲက ၁ သောင်းကျပ်တန် ၂ ရွက် တွေ့ရှိလို့ ရဲစခန်းကို အပ်နှံခဲ့ပါတယ်။