ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် အာဏာလွှဲပြောင်းရေးအတွက် ပထမဆုံးတွေ့ဆုံ

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ အာဏာလွှဲပြောင်းရေးတွေနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ်အနေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီဇင်ဘာလ (၂) ရက်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။

ဒီတွေ့ဆုံဆွေးမှုအတွင်းမှာတော့ ငြိမ်းချမ်စွာအာဏာလွှဲပြောင်းရေးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ နိုင်ငံတော်သမ္မတနှင့်အတူ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်တို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးရဲထွဋ်က ပြန်ကြားရေးဝန်ကြီးရုံးမှာ ကျင်းပခဲ့ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲအတွင်း ၀န်ကြီး ဦးရဲထွဋ် ပြောဆိုဖြေကြားချက်များအတွင်းမှ ကောက်နှုတ်ပြီး ရုပ်သံသတင်းအနေနဲ့ တင်ဆက်ပေးထားပါတယ်။


adv_banner