ဓါတုပစၥည္းနဲ႔ ဆက္စပ္ပစၥည္းမ်ားအႏၱရာယ္ တားဆီးကာကြယ္ေရး ဥပေဒ အတည္ျပဳဖို႔ လုပ္ေဆာင္မယ္ (႐ုပ္/သံ)

0
773

ဓာတုပစၥည္းနဲ႔ ဆက္စပ္ပစၥည္းမ်ားအႏၱရာယ္ တားဆီးကာကြယ္ေရးဥပေဒကုိ အတည္ျပဳျပဌာန္းႏိုင္ဖုိ႔ ျမန္မာနုိင္ငံ စားသုံးသူ ကာကြယ္ေရးအသင္းက ဆက္လက္ လုပ္ေဆာင္သြားဖို႔ရွိေနပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ ေကသြယ္က ေပးပုိ႔ထားပါတယ္။

ၿပီးခဲ့တဲ့အစုိးရလက္ထက္က စက္မႈ၀န္ႀကီးဌာနက အတည္ျပဳျပဌာန္းခဲ့တဲ့ ဓါတုပစၥည္းနဲ႔ ဆက္စပ္ပစၥည္းမ်ား အႏၱရာယ္တားဆီးကာကြယ္ေရးဥပေဒ ကုိ ၂၀၁၇ ခုႏွစ္မွာ အသစ္ျပန္လည္ျဖည့္စြက္ေရးဆြဲနုိင္ဖို႔ ျမန္မာနုိင္ငံ စားသုံးသူကာကြယ္ေရးအသင္းလုပ္ေဆာင္ခဲ့တာပါ ။

ခ်ည္ထည္ေတြမွာအသုံးျပဳေနတဲ့ဆုိးေဆးေတြကုိ စားေသာက္ကုန္ေတြမွာ အသုံးျပဳမႈေတြရွိေနတာေၾကာင့္ ဓါတုပစၥည္းနဲ႔ ဆက္စပ္ပစၥည္းမ်ား အႏၱရာယ္တားဆီးကာကြယ္ေရးဥပေဒ အတည္ျပဳျပဌာန္းေပးနုိင္ဖုိ႔ လုိအပ္ ေနတာျဖစ္တယ္လို႔ ျမန္မာနုိင္ငံစားသုံးသူကာကြယ္ေရးအသင္းကေျပာပါတယ္ ။

မတ္လ ၁၅ရက္မွာက်ေရာက္တဲ့ ၅၈ ႏွစ္ေျမာက္ ကမာၻ႕စားသုံးသူအခြင့္အေရးမ်ားေန႔ အခမ္းအနားျပဳလုပ္ခဲ့ တာပါ။

Sound Bite ဦးေအာင္ေက်ာ္ (တြဲဖက္အတြင္းေရးမွဴး)
ျမန္မာနုိင္ငံစားသုံးသူကာကြယ္ေရးအသင္း

ၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္က ထြက္ရွိခဲ့တဲ့ စားသုံးသူကာကြယ္ေရးဥပေဒကုိ ျပင္လည္ျပင္ဆင္တဲ့အေနနဲ႔ လက္ရွိမွာ သက္ဆုိင္ရာအဖြဲ႕အစည္းေတြနဲ႔ အရပ္အဖက္အဖြဲ႕အစည္းေတြပူးေပါင္းၿပီး ဥပေဒၾကမ္းေရးဆြဲေနတာပါ ။

စားသုံးသူကာကြယ္ေရးအသင္းအေနနဲ႔ လက္ရွိမွာ တုိင္းနဲ႔ျပည္နယ္အသီးသီးမွာရွိတဲ့ အေျခခံပညာ ေက်ာင္းေတြကမုန္႔ေစ်းတန္းေတြအပါအ၀င္ ၿမိဳ႕နယ္အသီးသီးက ေစ်းေတြမွာလည္း စားသုံးသူအသိပညာေပး လုပ္ငန္းေတြလုပ္ေဆာင္ေနတာျဖစ္ပါတယ္။

Sound Bite ေဒၚစုိးကလ်ာထိုက္ (အတြင္းေရးမွဴး)
ျမန္မာနုိင္ငံစားသုံးသူကာကြယ္ေရးအသင္း

ျမန္မာနိုင္ငံစားသုံးသူကာကြယ္ေရးအသင္းအေနနဲ႕ စားသုံးသူအခြင့္အေရးေတြသိရွိေစနုိင္ဖို႔သာမက ကုိယ္တုိင္ ကာကြယ္နို္င္ဖို႔ ဓာတုအဆိပ္သင့္ စားေသာက္ကုန္ေတြကို ေရွာင္ရွားနုိင္ၿပီးေဘးကင္းလုံၿခံဳတဲ့ အစား အေသာက္ ေတြကုိေရြးခ်ယ္၀ယ္ယူစားသုံးႏုိင္ဖို႔ ရည္ရြယ္ၿပီး ကမာၻ႔စားသုံးသူကာကြယ္ေရးေန႔အခမ္းအနားကုိႏွစ္စဥ္ႏွစ္တုိင္း ျပဳလုပ္ေနတာျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဓါတုပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းများအန္တရာယ် တားဆီးကာကွယ်ရေးဥပဒေကို အတည်ပြုပြဌာန်းနိုင်ဖို့ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက ဆက်လက် လုပ်ဆောင်သွားဖို့ရှိနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ်က ပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က စက်မှုဝန်ကြီးဌာနက အတည်ပြုပြဌာန်းခဲ့တဲ့ ဓါတုပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းများ အန္တရာယ်တားဆီးကာကွယ်ရေးဥပဒေ ကို ၂၀၁၇ ခုနှစ်မှာ အသစ်ပြန်လည်ဖြည့်စွက်ရေးဆွဲနိုင်ဖို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းလုပ်ဆောင်ခဲ့တာပါ ။

ချည်ထည်တွေမှာအသုံးပြုနေတဲ့ဆိုးဆေးတွေကို စားသောက်ကုန်တွေမှာ အသုံးပြုမှုတွေရှိနေတာကြောင့် ဓါတုပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းများ အန္တရာယ်တားဆီးကာကွယ်ရေးဥပဒေ အတည်ပြုပြဌာန်းပေးနိုင်ဖို့ လိုအပ် နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းကပြောပါတယ် ။

မတ်လ ၁၅ရက်မှာကျရောက်တဲ့ ၅၈ နှစ်မြောက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားပြုလုပ်ခဲ့ တာပါ။

Sound Bite ဦးအောင်ကျော် (တွဲဖက်အတွင်းရေးမှူး)
မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ စားသုံးသူကာကွယ်ရေးဥပဒေကို ပြင်လည်ပြင်ဆင်တဲ့အနေနဲ့ လက်ရှိမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အရပ်အဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီး ဥပဒေကြမ်းရေးဆွဲနေတာပါ ။

စားသုံးသူကာကွယ်ရေးအသင်းအနေနဲ့ လက်ရှိမှာ တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ အခြေခံပညာ ကျောင်းတွေကမုန့်ဈေးတန်းတွေအပါအဝင် မြို့နယ်အသီးသီးက ဈေးတွေမှာလည်း စားသုံးသူအသိပညာပေး လုပ်ငန်းတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

Sound Bite ဒေါ်စိုးကလျာထိုက် (အတွင်းရေးမှူး)
မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းအနေနဲ့ စားသုံးသူအခွင့်အရေးတွေသိရှိစေနိုင်ဖို့သာမက ကိုယ်တိုင် ကာကွယ်နိ်ုင်ဖို့ ဓာတုအဆိပ်သင့် စားသောက်ကုန်တွေကို ရှောင်ရှားနိုင်ပြီးဘေးကင်းလုံခြုံတဲ့ အစား အသောက် တွေကိုရွေးချယ်ဝယ်ယူစားသုံးနိုင်ဖို့ ရည်ရွယ်ပြီး ကမ္ဘာ့စားသုံးသူကာကွယ်ရေးနေ့အခမ်းအနားကိုနှစ်စဉ်နှစ်တိုင်း ပြုလုပ်နေတာဖြစ်ပါတယ်ရှင်။