ကိုရီးယား ဘာသာအရည္အခ်င္းစစ္ စာေမးပြဲ အရင္နွစ္ထက္ နွစ္ဆအေအာင္ေပးမယ္ (႐ုပ္/သံ)

0
710

ကိုရီးယားဘာသာ အရည္အခ်င္းစစ္ စာေမးပြဲေျဖဆိုသူေတြ အရင္ႏွစ္ကထက္ ႏွစ္ဆေက်ာ္ ေအာင္ျမင္မႈေပးမယ္လို႔ အလုပ္သမားညႊန္ၾကားေရးဦးစီးဌာနက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ ထားပါတယ္။

ၿပီးခဲ႔တဲ႔ ၂၀၁၇ ခုႏွစ္ ကိုရီးယားဘာသာအရည္အခ်င္းစစ္ စာေမးပြဲေျဖဆိုတဲ႔ သူဦးေရ ၃ ေသာင္းေက်ာ္ရွိတဲ႔ အထဲက ၄ ေထာင္ေက်ာ္သာ ေအာင္ျမင္မႈရရွိခဲ႔တာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ အခုလာမယ့္ ၂၀၁၈ ခုႏွစ္ ကိုရီးယားဘာသာအရည္အခ်င္းစစ္ စာေမးပြဲေျဖဆိုသူေတြကို အရင္ႏွစ္ကထက္ ႏွစ္ဆေက်ာ္ ေအာင္ျမင္မႈေပးမယ္လို႔ အလုပ္သမားညႊန္ၾကားေရးဦးစီးဌာနက ေျပာပါတယ္။

Soundbite ေဒၚေအးေအးေသာ္ (လက္ေထာက္ညႊန္ၾကားေရးမွဴး) အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန၊ အစိုးရျပည္ပအလုပ္အကိုင္ေအဂ်င္စီ

၂၀၁၇ ခုႏွစ္အတြင္း ကိုရီးယားႏိုင္ငံမွာ အလုပ္လုပ္ေနတဲ႔ ျမန္မာအလုပ္သမားတစ္ဦးကို တစ္နာရီ ဝမ္ ေျခာက္ေထာင့္ေလးရာေက်ာ္သာ ေပးခဲ႔ေပမယ့္ အခု ၂၀၁၈ ခုႏွစ္အတြင္းမွာ ျမန္မာအလုပ္သမားတစ္ဦးကို ဝမ္ ခုႏွစ္ေထာင့္ငါးရာေက်ာ္ေပးမွာ ျဖစ္ပါတယ္။

အခုႏွစ္အတြင္းမွာ ကိုရီးယားဘာသာအရည္အခ်င္းစစ္ စာေမးပြဲေျဖဆိုသူေတြကို အရင္ထက္ ႏွစ္ဆေက်ာ္ေအာင္ျမင္မႈေပးမယ့္အျပင္ လုပ္ခလစာပါ တိုးလာတာေၾကာင့္ ကိုရီးယားႏိုင္ငံကို သြားေရာက္တာ ျဖစ္တယ္လို႔ စာေမးပြဲေျဖဆိုမယ့္သူတစ္ဦး က ေျပာပါတယ္။

Soundbite ဦးျမတ္ေအာင္ (ကိုရီးယားဘာသာအရည္အခ်င္းစစ္ စာေမးပြဲေျဖဆိုမယ့္သူ) မဂၤလာဒုံၿမိဳ႕နယ္

၂၀၁၁ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ ကိုရီးယားႏိုင္ငံကို အလုပ္သမား ၃ ေသာင္းေက်ာ္ေစလႊတ္ႏိုင္ခဲ႔ပါတယ္။ ၂၀၁၈ ခုႏွစ္အတြက္ ကိုရီးယားဘာသာအရည္အခ်င္းစစ္ စာေမးပြဲေလွ်ာက္လႊာေတြကို ရန္ကုန္တိုင္းေဒသႀကီးအတြက္ ၁၇၀၀၀ ေက်ာ္နဲ႔ မႏၱေလးတိုင္းေဒသႀကီးအတြက္ ၈၀၀၀ ေက်ာ္ ထုတ္ေပးထားၿပီး ေျဖဆိုသူထဲကေန တစ္ေသာင္းကို ေအာင္ျမင္မႈေပးမွာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲဖြေဆိုသူတွေ အရင်နှစ်ကထက် နှစ်ဆကျော် အောင်မြင်မှုပေးမယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲဖြေဆိုတဲ့ သူဦးရေ ၃ သောင်းကျော်ရှိတဲ့ အထဲက ၄ ထောင်ကျော်သာ အောင်မြင်မှုရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် အခုလာမယ့် ၂၀၁၈ ခုနှစ် ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲဖြေဆိုသူတွေကို အရင်နှစ်ကထက် နှစ်ဆကျော် အောင်မြင်မှုပေးမယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ပြောပါတယ်။

Soundbite ဒေါ်အေးအေးသော် (လက်ထောက်ညွှန်ကြားရေးမှူး) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ

၂၀၁၇ ခုနှစ်အတွင်း ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတစ်ဦးကို တစ်နာရီ ဝမ် ခြောက်ထောင့်လေးရာကျော်သာ ပေးခဲ့ပေမယ့် အခု ၂၀၁၈ ခုနှစ်အတွင်းမှာ မြန်မာအလုပ်သမားတစ်ဦးကို ဝမ် ခုနှစ်ထောင့်ငါးရာကျော်ပေးမှာ ဖြစ်ပါတယ်။

အခုနှစ်အတွင်းမှာ ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲဖြေဆိုသူတွေကို အရင်ထက် နှစ်ဆကျော်အောင်မြင်မှုပေးမယ့်အပြင် လုပ်ခလစာပါ တိုးလာတာကြောင့် ကိုရီးယားနိုင်ငံကို သွားရောက်တာ ဖြစ်တယ်လို့ စာမေးပွဲဖြေဆိုမယ့်သူတစ်ဦး က ပြောပါတယ်။

Soundbite ဦးမြတ်အောင် (ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲဖြေဆိုမယ့်သူ) မင်္ဂလာဒုံမြို့နယ်

၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ကိုရီးယားနိုင်ငံကို အလုပ်သမား ၃ သောင်းကျော်စေလွှတ်နိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲလျှောက်လွှာတွေကို ရန်ကုန်တိုင်းဒေသကြီးအတွက် ၁၇၀ဝ၀ ကျော်နဲ့ မန္တလေးတိုင်းဒေသကြီးအတွက် ၈၀ဝ၀ ကျော် ထုတ်ပေးထားပြီး ဖြေဆိုသူထဲကနေ တစ်သောင်းကို အောင်မြင်မှုပေးမှာ ဖြစ်ပါတယ် ခင်ဗျာ။

?bph6