ကုိဖုန္းေမာ္၊ကုိစုိးနုိင္က်ဆုံးမႈ ႏွစ္(၃၀)ျပည့္ေအာက္ေမ့ဖြယ္ အခမ္း အနားျပဳလုပ္ (႐ုပ္/သံ)

0
363

ကုိဖုန္းေမာ္ ၊ ကုိစုိးႏုိင္က်ဆုံးမႈ ႏွစ္(၃၀)ျပည့္ ေအာက္ေမ့ဖြယ္ႏွစ္ပတ္လည္ အခမ္းအနားကုိ ရန္ကုန္ၿမိဳ႕ ရန္ကုန္နည္းပညာတကၠသုိလ္မွာျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ ေကသြယ္ ကေပးပုိ႔ ထားပါတယ္ ။

စက္မႈတကၠသုိလ္ ေက်ာင္းသားေဟာင္းေတြျဖစ္တဲ့ ကုိဖုန္းေမာ္နဲ႔ ကုိစုိးႏုိင္တုိ႔ဟာ ၁၉၈၈ ခုႏွစ္ လူထုအုံႀကြမႈ မတုိင္ခင္ ေက်ာင္းသားေတြနဲ႔ အရပ္သားေတြ အခ်င္းခ်င္း ခုိက္ရန္ျဖစ္ပြားရာက လုံထိန္းတပ္ဖြဲ႕ေတြရဲ႕ ေသနတ္နဲ႔ပစ္ခတ္ခံခဲ့ရတာေၾကာင့့္ ေသဆုံးခဲ့ရတာပါ။

ကုိဖုန္းေမာ္၊ ကုိစုိးနုိင္က်ဆုံးမႈ ႏွစ္(၃၀)ျပည့္ ေအာက္ေမ့ဖြယ္ႏွစ္ပတ္လည္ အခမ္းအနားကုိ ေက်ာင္း သားသမဂၢေတြ ဦးေဆာင္ၿပီး သမုိင္းအမွန္သိရွိေစဖို႔နဲ႔ မ်ိဳးဆက္သစ္ေက်ာင္းသားလူငယ္ေတြရဲ႕ စိတ္အားထက္ သန္မႈကုိ ျပသနုိင္ဖို႔ ရည္ရြယ္ၿပီး ရန္ကုန္ၿမိဳ႕ နည္းပညာတကၠသုိလ္မွာမတ္လ (၁၃)ရက္ က က်င္းပျပဳလုပ္ခဲ့ တာျဖစ္ပါတယ္။

Sound Bite – ကုိျမင့္ဦး (စက္မႈတကၠသုိလ္ေက်ာင္းသားေဟာင္း) ေသနတ္နဲ႔ပစ္ခတ္ခံရၿပီးဒဏ္ရာရရွိခဲ့သူ

၁၉၆၂ခုႏွစ္ ျမန္မာ့ဆုိရွယ္လစ္လမ္းစဥ္ပါတီတည္ေထာင္ၿပီး ေနာက္ပုိင္း ဆဲဗင္းဇူုလုိင္ အေရး အခင္းျဖစ္ပြားခဲ့ပါတယ္။ အဲဒီအေရးအခင္းမွာ ရန္ကုန္ကတကၠသုိလ္ေက်ာင္းသား အမ်ားအျပားေသဆုံးခဲ့ၿပီး ရန္ကုန္တကၠသုိလ္ ေက်ာင္းသားသမဂ ၢအေဆာက္အအုံႀကီးလည္း ဗုံးခြဲဖ်က္ဆီးခံခဲ့ရတာပါ။

အဲဒီေနာက္ပုိင္း ေက်ာင္းသားထုေတြနဲ႕ ျပည္သူလူထုေတြက နုိင္ငံေရး၊ စီးပြားေရးစနစ္ေတြျပဳျပင္ ေျပာင္းလဲနုိင္ဖို႔ လက္နက္မဲ့ေတာ္လွန္ေရးတစ္ခုကုိ စတင္အစျပဳခဲ့ရာက ၁၉၈၈ ခုႏွစ္ လူထုအုံႀကြ အေရးအခင္းျဖစ္ပြားခဲ့တာပါ။ အဲဒီအေရးအခင္းမွာ စက္မႈတကၠသုိလ္ေက်ာင္းသားေဟာင္းေတြ ေသဆုံးမႈဟာ ေက်ာင္းသားေတြအတြက္ အေရးပါတဲ့ ေန႔တစ္ေန႔ျဖစ္တယ္လို႔ ဦးကုိကုိႀကီးကေျပာပါတယ္။

Sound Bite – ဦးကုိကုိႀကီး (၈၈မ်ဳိးဆက္ေက်ာင္းသားေခါင္းေဆာင္)

ဒီအခမ္းအနားမွာ ဒီမုိကေရစီ အေရးေတာ္ပုံလႈပ္ရွားမႈမွာ ပါ၀င္ေဆာင္ရြက္ရင္း က်ဆုံးခဲ့တဲ့ စက္မႈ တကၠသုိလ္ေက်ာင္းသားေဟာင္း ကုိဖုန္းေမာ္နဲ႔ ကုိစုိးနုိင္တုိ႔ကုိ ေအာက္ေမ့ဖြယ္အျဖစ္ တစ္မိနစ္ၿငိမ္သက္ျခင္း၊ လြမ္းသူ႔ပန္းေခြခ်တာေတြအျပင္ သံယာေတာ္ေတြကုိ ပင့္ဖိတ္ၿပီး ေရစက္ခ် အမ်ွေ၀တာေတြ ျပဳလုပ္ခဲ့ၾကပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုဖုန်းမော် ၊ ကိုစိုးနိုင်ကျဆုံးမှု နှစ်(၃၀)ပြည့် အောက်မေ့ဖွယ်နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ ရန်ကုန်နည်းပညာတက္ကသိုလ်မှာပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ် ကပေးပို့ ထားပါတယ် ။

စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတွေဖြစ်တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ဟာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှု မတိုင်ခင် ကျောင်းသားတွေနဲ့ အရပ်သားတွေ အချင်းချင်း ခိုက်ရန်ဖြစ်ပွားရာက လုံထိန်းတပ်ဖွဲ့တွေရဲ့ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာကြောင့် သေဆုံးခဲ့ရတာပါ။

ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးမှု နှစ်(၃၀)ပြည့် အောက်မေ့ဖွယ်နှစ်ပတ်လည် အခမ်းအနားကို ကျောင်း သားသမဂ္ဂတွေ ဦးဆောင်ပြီး သမိုင်းအမှန်သိရှိစေဖို့နဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်တွေရဲ့ စိတ်အားထက် သန်မှုကို ပြသနိုင်ဖို့ ရည်ရွယ်ပြီး ရန်ကုန်မြို့ နည်းပညာတက္ကသိုလ်မှာမတ်လ (၁၃)ရက် က ကျင်းပပြုလုပ်ခဲ့ တာဖြစ်ပါတယ်။

Sound Bite – ကိုမြင့်ဦး (စက်မှုတက္ကသိုလ်ကျောင်းသားဟောင်း) သေနတ်နဲ့ပစ်ခတ်ခံရပြီးဒဏ်ရာရရှိခဲ့သူ

၁၉၆၂ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတည်ထောင်ပြီး နောက်ပိုင်း ဆဲဗင်းဇုူလိုင် အရေး အခင်းဖြစ်ပွားခဲ့ပါတယ်။ အဲဒီအရေးအခင်းမှာ ရန်ကုန်ကတက္ကသိုလ်ကျောင်းသား အများအပြားသေဆုံးခဲ့ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ ္ဂအဆောက်အအုံကြီးလည်း ဗုံးခွဲဖျက်ဆီးခံခဲ့ရတာပါ။

အဲဒီနောက်ပိုင်း ကျောင်းသားထုတွေနဲ့ ပြည်သူလူထုတွေက နိုင်ငံရေး၊ စီးပွားရေးစနစ်တွေပြုပြင် ပြောင်းလဲနိုင်ဖို့ လက်နက်မဲ့တော်လှန်ရေးတစ်ခုကို စတင်အစပြုခဲ့ရာက ၁၉၈၈ ခုနှစ် လူထုအုံကြွ အရေးအခင်းဖြစ်ပွားခဲ့တာပါ။ အဲဒီအရေးအခင်းမှာ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတွေ သေဆုံးမှုဟာ ကျောင်းသားတွေအတွက် အရေးပါတဲ့ နေ့တစ်နေ့ဖြစ်တယ်လို့ ဦးကိုကိုကြီးကပြောပါတယ်။

Sound Bite – ဦးကိုကိုကြီး (၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်)

ဒီအခမ်းအနားမှာ ဒီမိုကရေစီ အရေးတော်ပုံလှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်ရင်း ကျဆုံးခဲ့တဲ့ စက်မှု တက္ကသိုလ်ကျောင်းသားဟောင်း ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို အောက်မေ့ဖွယ်အဖြစ် တစ်မိနစ်ငြိမ်သက်ခြင်း၊ လွမ်းသူ့ပန်းခွေချတာတွေအပြင် သံယာတော်တွေကို ပင့်ဖိတ်ပြီး ရေစက်ချ အမျှဝေတာတွေ ပြုလုပ်ခဲ့ကြပါတယ်ရှင်။

?bph6