ဆင်းရဲတဲ့ ကလေးတွေပညာရေး အတွက် အူရီဒူး လှူဒါန်းမယ်

0
382








>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆင်းရဲချို့တဲ့ပြီးပညာသင်ကြားနိုင်ဖို့အခက်အခဲရှိနေတဲ့ ကလေးငယ်တွေ အတွက်ရည်ရွယ်ပြီး အူရီဒူးမြန်မာ ကနေ ကျပ်သန်းပေါင်းတစ်ထောင်ကျော် လှူဒါန်းသွားဖို့ရှိနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ်ကပေးပို့ထားပါတယ် ။

အူရီဒူးမြန်မာက မိနစ်များများပြောလေ အူရီဒူးက များများလှူပေးလေ ဆိုတဲ့ခေါင်းစဉ်နဲ့ လူမှုအကျိုးပြု အစီအစဉ်ကနေတဆင့် ဆင်းရဲချို့တဲ့ပြီး ပညာသင်ကြားဖို့အခက်အခဲရှိနေတဲ့ ကလေးငယ်တွေအတွက် ရည် ရွယ်ပြီး ကျပ်သန်းပေါင်းတစ်ထောင်ကျော် လှူဒါန်းသွားဖို့ရှိနေတယ်လို့ အူရီဒူးမြန်မာရဲ့ Marketing & Communications ဒါရိုက်တာ ဒေါ်ပွင့်ဦးဆွေ ကပြောပါတယ်။

မတ်လ ၁၂ရက်နေ့ကရန်ကုန်မြို့ အူရီဒူးမြန်မာရုံးချုပ်မှာပြုလုပ်တဲ့မြန်မာနိုင်ငံရဲ့ ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက်အူရီဒူးမြန်မာ ရဲ့လုပ်ဆောင် ချက်တွေအကြောင်းသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

Sound Bite – ဒေါ်ပွင့်ဦးဆွေ (Marketing & Communications Director) Ooredoo Myanmar

ဒီအစဉ်အစီကို အူရီဒူးဆင်းကတ် အသုံးပြုသူတွေအနေနဲ့ ဘယ်နေရာမဆို ၁မိနစ်ပြည့်တိုင်း အူရီဒူးက တစ်ကျပ်ထည့်ဝင်လှူဒါန်းပေးတဲ့ လူမှုအကျိုးပြုလုပ်ငန်းကို ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ကစတင် လုပ်ဆောင်ခဲ့တာပါ။

Sound Bite – ဒေါ်ပွင့်ဦးဆွေ (Marketing & Communications Director) Ooredoo Myanmar

လက်ရှိမှာလည်း ဧရာဝတီတိုင်းဒေသကြီး ၊မကွေးတိုင်းဒေသကြီး အပါအဝင် မန္တလေးတိုင်းဒေသကြီး နဲ့ တခြား တိုင်းဒေသကြီးတွေမှာရှိတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို စီစစ်ရွေးချယ်ပြီး ကျပ်သိန်းပေါင်း ၂၆၀ဝ ကျော်လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။

?bph6