
0
713




>>>>>>>>>>>>>>>>>>>>>>>>>>>>

ကာဂျစ္စတန်ကို ရင်ဆိုင်မယ့် မြန်မာအသင်း မှာထိုင်းမှာ ကစားနေတဲ့ကျော်ကိုကို၊ အောင်သူတို့ပါဝင်လာ

အာရှဖလား ၂၀၁၉ ခြေစစ်ပွဲ အဆုံးအဖြတ်ပွဲစဉ်အဖြစ် မတ်လ ၂၂ ရက်နေ့၊ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် ကာဂျစ္စတန် အသင်းနဲ ကစားရမယ့် မြန်မာ့လက်ရွေးစင် အသင်းအပြီးသတ် ကစားသမားစာရင်းအား နည်းပြချုပ် ဂတ်ဆီဇီက ထုတ်ပြန်လိုက်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဖော်ပြခဲ့ပါတယ်။

အဲဒီလူစာရင်းမျာ အီစိုး၊ကျော်ဇင်ဦး (ရန်ကုန်ယူနိုက်တက်)၊ လွင်မိုးအောင် (အား/ကာ)၊ ကျော်စွာလင်း (မကွေး) အစရှိတဲ့ လူငယ်သွေးသစ်များ ပထမဆုံးအကြိမ် ပါဝင်လာပြီး ထိုင်းပရီးမီးယားလိဂ်မှာ သွားရောက် ကစားနေတဲ့ ကျော်ကိုကို (ချင်းရိုင်) နဲ့ အောင်သူ(Police Tero)တို့လည်း ပါဝင်လာခဲ့တယ်။

မြန်မာ့လက်ရွေးစင် အသင်းအနေနဲ့ မတ်လ ၁၄ ရက်နေ့မှာ အသင်းစတင်စုဖွဲ့ပြီး မတ်လ ၁၅ ရက်နေ့မှာ အင်ချွန်မြို့ကို သွားရောက်မှာဖြစ်ပြီး ထိုင်းလိဂ်မှ ကျော်ကိုကို နဲ့ အောင်သူတို့မှာ မတ်လ ၁၉ ရက်နေ့မှာ အသင်းထံ လာရောက်ပူးပေါင်းမှာဖြစ်ပါတယ်။

?bph6