ေငြေဆာင္ျမိဳ႕မွာ ခိုးဝင္ဘဂၤါလီ ၁၆ ဦး တင္ေဆာင္လာတဲ့ စက္ေလွအတြက္ ရိကၡာလာ၀ယ္သူ ဖမ္းဆီးရမိ

0
827

ေငြေဆာင္ျမိဳ႕ ေငြေဆာင္ကမ္းေျခအနီး မက်ီးေမွာ္ေက်းရြာအတြင္း မသကၤာဖြယ္ရာ လူစိမ္းတစ္ဦး စားေသာက္ဖြယ္ရာေတြ ဝယ္ယူျပီး ေက်းရြာအေျခအေနကို ေလ့လာေနေၾကာင္း ေက်းရြာရာအိမ္မွဴးက သက္ဆိုင္ရာ ဌာနဆိုင္ရာအဖြဲ႕အစည္းေတြကို အေၾကာင္းၾကားခဲ့တာပါ။

ရာအိမ္မွဴးရဲ႕ သတင္းေပးခ်က္အရ ေငြေဆာင္နယ္ေျမစခန္းမွဴး ရဲအုပ္ေဇာ္မ်ိဳးလႈိင္ ဦးေဆာင္တဲ့ ရဲတပ္ဖြဲ႕ဝင္ေတြ၊ ေငြေဆာင္ျမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး၊ ေငြေဆာင္ျမိဳ႕ လဝက ဦးစီးမွဴးအပါအဝင္ ခလရ (၃၆) နယ္ေျမခံ ဒုတပ္ရင္းမွဴး စတဲ႔ ပူးေပါင္းအဖြဲ႕က မတ္လ ၁၂ ရက္ေန႔ မနက္ ၁ နာရီအခိ်န္ခန္႔က သြားေရာက္စစ္ေဆးခဲ႔ပါတယ္။

စစ္ေဆးခ်က္အရ အဲဒီမသကၤာဖြယ္ရာ လူစိမ္းဟာ ဦးစိုးနိင္(၄၈) ႏွစ္ (ဘ)ဦးတလုပ္ႀကီး မွတ္ပံုတင္မရွိ ရခိုင္ျပည္နယ္ ေက်ာက္ဦးေမွာ္ေက်းရြာေန ရခိုင္/ဗုဒၶ ျဖစ္ျပီး ဘဂၤါလီ ၁၆ ဦးတင္ေဆာင္လာတဲ့ စက္ေလွက ေလွလုပ္သားတစ္ဦးျဖစ္ေၾကာင္းနဲ႔  ရိကၡာဝယ္ယူဖို႔ ေရာက္လာတာ ျဖစ္ေၾကာင္း စစ္ေဆးေတြရွိရခဲ့ပါတယ္။

ဦးစိုးႏိုင္ ကိုင္ေဆာင္လာတဲ့ ဖုန္းနဲ႔ ဆက္သြယ္ေထာက္လွမ္းရာ ထြက္ေျပးတိမ္းေရွာင္သြားၿပီး စက္ေလွ ဖမ္းဆီးရမိေရးအတြက္ တပ္မေတာ္( ေရ)ကို သတင္းပို႔အေၾကာင္းၾကားေဆာင္ရြက္ေနတယ္လို႔ ဆိုပါတယ္။

သက္ဆိုင္ရာပူးေပါင္းအဖြဲ႕က ဦးစိုးႏိုင္ကို စစ္ေဆးေမးျမန္းခ်က္အရ စက္ေလွေပၚမွာ ဘဂၤါလီ က်ား(၃)ဦး၊ မ(၁၁)ဦး၊ ကေလး မ(၂)ဦးတို႔အပါအ၀င္ စက္ေလွပဲ့ကိုင္နဲ႔ ေလွလုပ္သား ဦးစိုးနိင္ပါ(၃)ဦး စုစုေပါင္း ၁၉ဦး လိုက္ပါလာတယ္လို႔ ေျပာပါတယ္။ ေလွလုပ္သား ဦးစိုးႏိုင္ဆိုသူကို ေငြေဆာင္နယ္ေျမရဲစခန္းမွာ ေခတၱ ထိမ္းသိန္းထားတယ္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငွေဆောင်မြို့မှာ ခိုးဝင်ဘင်္ဂါလီ ၁၆ ဦး တင်ဆောင်လာတဲ့ စက်လှေအတွက် ရိက္ခာလာဝယ်သူ ဖမ်းဆီးရမိ

ငွေဆောင်မြို့ ငွေဆောင်ကမ်းခြေအနီး မကျီးမှော်ကျေးရွာအတွင်း မသင်္ကာဖွယ်ရာ လူစိမ်းတစ်ဦး စားသောက်ဖွယ်ရာတွေ ဝယ်ယူပြီး ကျေးရွာအခြေအနေကို လေ့လာနေကြောင်း ကျေးရွာရာအိမ်မှူးက သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းတွေကို အကြောင်းကြားခဲ့တာပါ။ ရာအိမ်မှူးရဲ့ သတင်းပေးချက်အရ ငွေဆောင်နယ်မြေစခန်းမှူး ရဲအုပ်ဇော်မျိုးလှိုင် ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ငွေဆောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ငွေဆောင်မြို့ လဝက ဦးစီးမှူးအပါအဝင် ခလရ (၃၆) နယ်မြေခံ ဒုတပ်ရင်းမှူး စတဲ့ ပူးပေါင်းအဖွဲ့က မတ်လ ၁၂ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်က သွားရောက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးချက်အရ အဲဒီမသင်္ကာဖွယ်ရာ လူစိမ်းဟာ ဦးစိုးနိင်(၄၈) နှစ် (ဘ)ဦးတလုပ်ကြီး မှတ်ပုံတင်မရှိ ရခိုင်ပြည်နယ် ကျောက်ဦးမှော်ကျေးရွာနေ ရခိုင်/ဗုဒ္ဓ ဖြစ်ပြီး ဘင်္ဂါလီ ၁၆ ဦးတင်ဆောင်လာတဲ့ စက်လှေက လှေလုပ်သားတစ်ဦးဖြစ်ကြောင်းနဲ့ ရိက္ခာဝယ်ယူဖို့ ရောက်လာတာ ဖြစ်ကြောင်း စစ်ဆေးတွေရှိရခဲ့ပါတယ်။ ဦးစိုးနိုင် ကိုင်ဆောင်လာတဲ့ ဖုန်းနဲ့ ဆက်သွယ်ထောက်လှမ်းရာ ထွက်ပြေးတိမ်းရှောင်သွားပြီး စက်လှေ ဖမ်းဆီးရမိရေးအတွက် တပ်မတော်( ရေ)ကို သတင်းပို့အကြောင်းကြားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ဦးစိုးနိုင်ကို စစ်ဆေးမေးမြန်းချက်အရ စက်လှေပေါ်မှာ ဘင်္ဂါလီ ကျား(၃)ဦး၊ မ(၁၁)ဦး၊ ကလေး မ(၂)ဦးတို့အပါအဝင် စက်လှေပဲ့ကိုင်နဲ့ လှေလုပ်သား ဦးစိုးနိင်ပါ(၃)ဦး စုစုပေါင်း ၁၉ဦး လိုက်ပါလာတယ်လို့ ပြောပါတယ်။ လှေလုပ်သား ဦးစိုးနိုင်ဆိုသူကို ငွေဆောင်နယ်မြေရဲစခန်းမှာ ခေတ္တ ထိမ်းသိန်းထားတယ်လို့ ပြောပါတယ်။

?bph6