
0
704



နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံက ထူးချွန်လူငယ်လူရွယ်တွေ အမေရိကန်နိုင်ငံရှိ တက္ကသိုလ်တွေမှာ ပြည်သူ့မူဝါဒ (Public Policy)၊ စီးပွားရေး (Economics)၊ ဥပဒေ (Law)၊ အင်ဂျင်နီယာ (Engineering)၊ ရေရင်းမြစ် စီမံခန့်ခွဲရေး (Water Management)၊ စိုက်ပျိုးရေး (Agriculture) နဲ့ လူမှု သိပ္ပံ (Social Science) ဘာသာရပ်တွေနဲ့ သက်ဆိုင်တဲ့ မဟာဘွဲ့၊ ပါရဂူဘွဲ့ သင်တန်းတွေ တက်ရောက်ဖို့ စေလွှတ်နိုင်မှာ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပညာရေး ဝန်ကြီးဌာနနဲ့ အမေရိကန် BACI တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့ (သုတေသန) နဲ့ The Burmese American Community Institute (BACI) တို့ ပူးပေါင်းဆောင်ရွက်မယ့် Myanmar Scholars and Leaders Program နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲကို မတ်လ ၁၀ ရက်နေ့က ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမမှာ ကျင်းပပါတယ်။

အခမ်းအနားကို ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ စကော့အလန်မာစီရယ်၊ BACI က အမှုဆောင် ဒါရိုက်တာ မစ္စတာ အယ်လ်လိုင်ဆာ ဗာနီတို့ တက်ရောက်ပါတယ်။

နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံက ထူးချွန်လူငယ်လူရွယ်တွေ အမေရိကန်နိုင်ငံရှိ တက္ကသိုလ်တွေမှာ ပြည်သူ့မူဝါဒ (Public Policy)၊ စီးပွားရေး (Economics)၊ ဥပဒေ (Law)၊ အင်ဂျင်နီယာ (Engineering)၊ ရေရင်းမြစ် စီမံခန့်ခွဲရေး (Water Management)၊ စိုက်ပျိုးရေး (Agriculture) နဲ့ လူမှု သိပ္ပံ (Social Science) ဘာသာရပ်တွေနဲ့ သက်ဆိုင်တဲ့ မဟာဘွဲ့၊ ပါရဂူဘွဲ့ သင်တန်းတွေ တက်ရောက်ဖို့ စေလွှတ်နိ်ုင်မှာ ဖြစ်ပါတယ်။

?bph6