
0
669




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပုံနှိပ်သူ၊ ထုတ်ဝေသူနဲ့ သတင်းအေဂျင်စီ ၂၀ ဦးကို ခွင့်ပြု

ပုံနှိပ်လုပ်ငန်း အသစ်လျှောက်ထားသူ ၅ ဦး၊ ထုတ်ဝေရေး လုပ်ငန်းအတွက် အသစ်လျှောက်ထားသူ ၂ ဦး၊ မဂ္ဂဇင်း ထုတ်ဝေသူ ၃ ဦး၊ အထွေထွေ ၁၄ ဦး၊ စုစုပေါင်း ၁၉ ဦးကိုနဲ့ သတင်းအေဂျင်စီ လုပ်ကိုင်လိုသူ ၁ ဦးတို့ကို အသိအမှတ်ပြု လက်မှတ်တွေ ခွင့်ပြုပေးလိုက်ပါတယ်။

မတ်လ ၈ ရက်နေ့က ပြုလုပ်တဲ့ ပြန်ကြားရေး ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးကနေ အခုလို ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းနည်းဥပဒေများ ပြဋ္ဌာန်းတဲ့ ၁ဝ-၁ဝ-၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁၀ ရက်ကနေ ဒီနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၄၉၇ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၂၃၂၈ ဦးနဲ့ သတင်းအေဂျင်စီလုပ်ငန်း ၉၈ ဦး၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနဲ့ သတင်းအေဂျင်စီလုပ်ငန်း ၃၉၂၃ ဦးကို အသိအမှတ်ပြု လက်မှတ်တွေ စိစစ်ခွင့်ပြု ပေးခဲ့ပြီး ဖြစ်ပါတယ်။

?bph6