
0
703




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆူမိတိုမို ကော်ပိုရေးရှင်းက မြန်မာနိုင်ငံမှာ တိရစ္ဆာန် ဆေးဝါးတွေ ရောင်းချမယ်

ဂျပန်နိုင်ငံက ဆူမိတိုမို ကော်ပိုရေးရှင်းဟာ မြန်မာနိုင်ငံမှာ တိရစ္ဆာန်တွေအတွက် ဆေးဝါးတွေကို တင်ပို့ ရောင်းချတော့မှာ ဖြစ်ပါတယ်။

ရှန်ဒေါင်း ဆင်ဒါ နည်းပညာက ထုတ်လုပ်တဲ့ တိရစ္ဆာန်တွေအတွက် ဆေးဝါးတွေကို ဒေသခံ အရောင်းကိုယ်စားတွေကနေ တစ်ဆင့် မတ်လကုန်ပိုင်းမှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။ ဆူမိမိုတို ကော်ပိုရေးရှင်းက ရှန်ဒေါင်း ခရိုင် အခြေစိုက် ကုမ္ပဏီကနေ ၂၀၁၆ ခုနှစ်မှာ အစုရှယ်ယာတွေ ဝယ်ထားတာ ဖြစ်ပါတယ်။

မွေးမြူရေး ကြက်တွေအတွက် ပဋိဇီဝဆေး ပါအဝင် ရှန်ဒေါင်း ဆင်ဒါထုတ် တိရစ္တာန်တွေအတွက် ဆေးဝါး ၁၀ မျိုးကို မြန်မာနိုင်ငံဈေးကွက်မှာ ရောင်းချမှာ ဖြစ်ပြီး နောက်ပိုင်းမှာ ကြက်ငှက်တုပ်ကွေး ကာကွယ်ဆေးလို ဆေးဝါးတွေလည်း ရောင်းချဖို့ ရှိပါတယ်။

?bph6