
0
690




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ မီးလောင်ဒဏ်ရာ လူနာ ၁၀ဝ ကျော်ကို အခမဲ့ကုပေးတဲ့ ဆရာဝန်ကြီးတွေကို အစိုးရက ဂုဏ်ပြု

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနဲ့ မီးလောင်ဒဏ်ရာ လူနာတွေကို အခမဲ့ ပါဝင် ခွဲစိတ်ကုသပေးခဲ့တဲ့ ဂျာမနီနိုင်ငံနဲ့ မြန်မာနိုင်ငံက ခွဲစိတ်ဆရာဝန်ကြီးတွေကို အစိုးရက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါတယ်။

ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို မနေ့က မတ်လ ၈ ရက်နေ့ တာချီလိတ် ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ပြုလုပ်ခဲ့ပါတယ်။

ခွဲစိတ်ဆရာဝန်ကြီးတွေက ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကနေ မတ်လ ၇ ရက်နေ့အတွင်း လူနာ ၂၂၃ ဦးကို စမ်းသပ်ကြည့်ရှုပေးပြီး လူနာ ၁၃၁ ဦးကို အောင်မြင်စွာ ခွဲစိတ် ကုသပေးနိုင်ခဲ့ပါတယ်။

?bph6